မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်

၁။       ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို ၁၃-၁၁-၂၀၂၃ ရက်တွင် သောင်းကျန်းသူများ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဓားစားခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

၂။       ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် ကျောင်းသားကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား စာပေပညာ သင်ကြားပေးနေသည့် ဆရာ၊ဆရာမများနှင့် ကလေးသူငယ်များကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း