Ming Xuechang(မြီ‌ရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping(မြီရှောက်ဖျင်း)၊ Ming Julan(မြီကျွီလန်)နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

Ming Xuechang(မြီ‌ရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping(မြီရှောက်ဖျင်း)၊ Ming Julan(မြီကျွီလန်)နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှု များကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန် နေသော Ming Xuechang(မြီ‌ရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan(မြီကျွီလန်)နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။