တရုတ်နိုင်ငံဘက်မှ Online လိမ်လည်မှုများနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသူ ၃ ဦးအား ဖမ်းဆီးရမိ၊ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံသို လွှဲပြောင်းပေးအပ်ခဲ့မှု အခြေအနေတိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများအား န

တရုတ်နိုင်ငံဘက်မှ Online လိမ်လည်မှုများနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသူ ၃ ဦးအား ဖမ်းဆီးရမိ၊ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံသို လွှဲပြောင်းပေးအပ်ခဲ့မှု အခြေအနေတိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

    ဒီနေ့မှာတော့ တရုတ်နိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ထားတဲ့ မြီရှောက်ချန်းဦးစီး လေးယောက်၊ ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း တရုတ်နိုင်ငံက ဖမ်းဆီးဖို့အတွက် ထုတ်ပြန်ပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ တရားဝင် ဖမ်းဝရမ်း ထုတ်ဆင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလေးယောက်အထဲမှာမှ ဒီနေ့လောက်ကိုင်မှာဘဲ မြီရှောက်ချန်း၊ မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို မြန်မာ့တပ်မတော်အနေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီး တဲ့အချိန်မှာတော့ မြီရှောက်ချန်းသည် တရားမဝင် ကိုင်ဆောင်ထားတဲ့ ပွိုင့် ၂၂ သေနတ်နဲ့သူ့ခေါင်းသူကို ပစ်ပြီးတော့ Suicide လုပ်ခဲ့တယ်။

    အာ့အတွက် လောက်ကိုင်မှာရှိတဲ့ဆေးရုံမှာ ဆေးကုသမှုခံယူစေခဲ့တယ်။ သို့သော် အသက်ရှင်မှုမရှိခဲ့ဘူး။ အဲဒီ မြီရှောက်ချန်းရဲ့အလောင်းရယ် ပြီးရင် မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံအထူးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ ရန်လုံကျိုင်းဂိတ်မှာ ဒီနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီလောက်မှာ အောင်မြင်စွာလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်တဲ့နေရာမှာ အမှန်တစ်ကယ် အလေးထား ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ ထပ်မံပြီးတွေ့ရတာတော့ မဟုတ်မမှန်ဝါဒဖြန့် မှုတစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီမဟုတ်မမှန် ဝါဒဖြန့်မှုအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်လည်း ပါဝင်တယ်။ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်တယ်ဆိုပြီးတော့ လိမ်လည်မှုဖြစ်ပါတယ်။ ဒီ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်ကို တရုတ်နိုင်ငံနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာ ဖမ်းဝရမ်းထုတ်ထားတာလည်း မရှိပါဘူး။ သူ့အနေနဲ့ ပြစ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာလည်း သိရပါတယ်။ ဒီဇစ်မြစ်တွေကို လိုက်ကြည့်တဲ့အခါမှာ တစ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ MNDAA အဖွဲ့က လုပ်တယ်ဆိုတာသိရပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါဘဲ ဒီဟာတွေသည် ယခင်တုန်းက ကျွန်တော်ပြောခဲ့ဘူးတယ် ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ဟာတွေသည် ကျန်တဲ့ဟာတွေသည် အကြောင်းပြချက်တွေ သာဖြစ်တယ်။ ဒီအွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်တယ်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးဆိုတာ လိမ်လည်မှုတစ်ခုဘဲဖြစ်တယ်။ သူတို့တစ်ကယ် လုပ်နေတာသည် ကျွန်တော်ပြောခဲ့သလို ဖုန်-ရန် အရေးခင်း၊ ဖုန်ကြားရှင်နဲ့ ရန်မိုးလျန်တို့ကြားထဲက မိသားစုနှစ်ခုကြားထဲက အာဏာလုပွဲတွေ၊ အခုမှာလည်း ယခင်တုန်းက ကိုးကန့်ဒေသအုပ်ချုပ်ရေးမှာ ပါဝင်ခဲ့ဘူးတဲ့ ခေါင်းဆောင်လုပ်ခဲ့ဘူးတဲ့ ဦးပယ်စောက်ချိန်တို့အဖွဲ့နဲ့ မိသားစုချင်းရန်ငြှိုး ရန်စတွေဘဲဖြစ်တယ်လို့ပြောချင်ပါတယ်။

ဒီနေရာမှာ ထပ်ပြီးတော့ပြောချင်တာ ကတော့ MNDAA နဲ့ သူတို့မဟာမိတ်ဆိုတဲ့အဖွဲ့တွေဟာ ဒီကိစ္စကို ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ နယ်မြေမငြိမ်မသက်ဖြစ်အောင် လုပ်ရုံသာမကဘဲနဲ့ ဒီကိစ္စမလုပ်ခင်မှာလည်း သုံးသပ်ရမယ်ဆိုရင် တရုတ်နိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ခုနပြောတဲ့ အွန်လိုင်းလိမ်လည်မှုကို ချေမှုန်းဖို့အတွက် ခိုင်မာစွာ သန္နိဌာန်ချထားတာကို လိမ္မာပါးနပ်စွာ အသုံးချသွားတာဘဲဖြစ်တယ်။ တရုတ်နိုင်ငံအစိုးရရဲ့တရုတ်ပြည်သူတွေအပေါ်မှာ အလေးထားတဲ့ တရုတ်ပြည်သူတွေရဲ့ ရိုးသားပွင့်လင်းတဲ့ ခုနအွန်လိုင်းလိမ်လည်မှုအပေါ်မှာ ချေမှုန်းဖို့သန္နိဌာန်ချထားတဲ့ ကိစ္စကို သူတို့အဖွဲ့အစည်းအကျိုး၊ MNDAA အဖွဲ့အစည်းအကျိုးအတွက် အကွက်ချပြီးတော့ အသုံးချသွားတာဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ တရုတ်နိုင်ငံအစိုးရနဲ့ ပြည်သူလူထု ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ဒီကောင်တွေအနေနဲ့ ပြန်ပေးဆွဲအသုံးချ တယ်လို့ဘဲမြင်လို့ရတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရ အနေနဲ့တရုတ်နိုင်ငံအစိုးရသည် နှစ်နိုင်ငံတာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံပြီးဖြစ်တယ်။

ဒီအွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောခဲ့သလိုဘဲ တရုတ် ပြည်သူတွေချည်းဘဲ နစ်နာတာမဟုတ်ဘူး။ မြန်မာနိုင်ငံပြည်သူတွေပါ နစ်နာ တာဖြစ်တယ်။ ဒါ့အပြင် ပါဝင်ပတ်သက်နေတဲ့ တချို့သော အိမ်နီးနာချင်း နိုင်ငံက ပြည်သူတွေပါ နစ်နာခဲ့တာဖြစ်ပါတယ်။ ဒီနစ်နာမှုတွေဟာ တရုတ် နိုင်ငံအစိုးရက လုပ်တာလည်းမဟုတ်ဘူး၊ မြန်မာနိုင်ငံအစိုးရက လုပ်တာမဟုတ်ဘူး။ တရုတ်ပြည်သူတွေလုပ်တာ မဟုတ်သလို မြန်မာနိုင်ငံပြည်သူ တွေလုပ်နေတာလည်း မဟုတ်ဘူး။ ဒီရဲ့တရားခံစစ်စစ်တွေသည် တရုတ် နိုင်ငံနဲ့အခြားသောနိုင်ငံတွေက ရာဇဝတ်မှု၊ လိမ်လည်မှုတွေနဲ့ ထွက်ပြေး နေတဲ့ပြည်ပြေးတွေက လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းပြီး တရုတ်ပြည်သူတွေကော မြန်မာပြည်သူတွေကောကို လိမ်လည်နေတာဘဲ ဖြစ်တယ်လို့ ခိုင်ခိုင်မာမာပြောချင်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်နိုင်ငံဘက်ကနေပြီး သတင်းပေးပို့ထားတဲ့ နှိမ်နင်းရမယ့်နေရာတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့အနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောလိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နေပြည်တော်မှာ ရှိတဲ့ဝန်ကြီးဌာနတွေမှာ လုံခြုံရေး အဖွဲ့တွေဖွဲ့စည်းနေတဲ့ဆိုတဲ့ ဟာမျိုးတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်း နေတယ်ဆိုတဲ့ ဟာမျိုးတွေ ထွက်လာတာရှိပါတယ်။ ဒါဟာ အချိန်ကိုက် ဝါဒဖြန့်မှုသာဖြစ်တယ်။ နေပြည်တော်မှာ ဘယ်လိုမျိုးရှိနေတယ်ဆိုတာ နေပြည်တော်မှာရှိနေတဲ့လူတွေ အားလုံးကိုမေးမြန်းစုံစမ်းလို့ရတယ်။ ဒီမှာ ဌာနဆိုင်ရာတွေလည်း သူ့လုပ်ငန်းကိုသူ အရှိန်မပျက်လုပ်ဆောင်နေတယ်။ ပြည်သူလူထုလည်း သူ့လုပ်ငန်းကို အရှိန်မပျက် လုပ်ဆောင်နေတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့မြို့ကြီးပြကြီးအများစုမှာလည်း ဒီအတိုင်းဘဲဖြစ်ပါတယ်။ မတည်ငြိမ်သေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အချို့မြို့နယ်တွေ၊ ရခိုင်ပြည်နယ်အချို့မြို့နယ်တွေ၊ ချင်းပြည်နယ်ထဲက အချို့မြို့နယ်တွေမှာ ဘဲ ဒါတွေရှိတယ်လို့ လုံခြုံရေးအရ ဆောင်ရွက်နေရတာရှိတယ်လို့ ပြောချင်ပါတယ်။