၁၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိင်ကော်မြို၊ ရခိုင်ပြည်နယ် ပေါက်တောမြို တို့တွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆော

၁၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိင်ကော်မြို၊ ရခိုင်ပြည်နယ် ပေါက်တောမြို တို့တွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

    ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ကတော့ ရှမ်းပြည်နယ်အရှေ့ မြောက်ဘက်မှာ နမ်ခမ်း၊ တာမိုးညဲနဲ့ ဟိုပန်ဘက်မှာ MNDAA / TNLA  အဖွဲ့တွေက လုံခြုံရေးတပ်စခန်းတွေကို Drop Bomb များ လာချတာတွေ ရှိပါတယ်။ လောက်ကိုင်နားလေးမှာ ချင်းရွှေဟော်ဘက်အထွက်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာရှိပါတယ်။ ဒီအပြန်အလှန်ပစ်ခတ်မှုသည် ခုန ပြောတဲ့ မြီရှောက်ချန်းတို့ တရားခံသုံးဦးကို တရုတ်နိုင်ငံဘက်မလွှဲပြောင်းခင်လေးမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်မှာတော့ အကျဉ်းထောင်နား လေးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ရန်သူအကျအဆုံး ရှိစွာနဲ့ပြန်လည် ဆုတ်ခွာသွားတယ်။ မိုးဗြဲနဲ့ဒီမောဆိုးဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့တယ်။ ရခိုင်ပြည်နယ်မှာတော့ ဒုံးညိုရဲစခန်း၊ ဒုံးညိုရဲစခန်းကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် ဘီပီ-၄၆ ရဲ့အရှေ့ဘက် ခမောင်းဆိပ်ရဲ့ မြောက်ဘက်မှာရှိတာဖြစ်ပါတယ်။ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။ရန်သူတွေဆုတ်ခွာသွားပါတယ်။ ပေါက်တောမှာတော့ ပေါက်တော နယ်မြေရဲစခန်းကို AA အဖွဲ့ဝင်ရောက်ခဲ့တာရှိတယ်။ ပြီးရင် သူတို့ဝါဒဖြန့်တာရှိတယ်။ ပေါက်တောတစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီ ဆိုပြီးဝါဒဖြန့်တာ ရှိတယ်။ တပ်မတော်အနေနဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး အဖွဲ့အနေနဲ့ ဒီနေ့နေ့ခင်းပိုင်းမှာ ပေါက်တောကို ရောက်ရှိပါတယ်။ ရောက်ရှိသွားတဲ့အခါမှာ တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ် ဖွဲ့ရောက်ရှိတာနဲ့ ရန်သူများပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ်။ ပေါက်တောကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ဒီနေရာမှာ ဒီနေ့ ကျွန်တော်ပြောချင်တာကတော့ မြန်မာနိုင်ငံအစိုးရ အနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်လျက်ရှိပါတယ်။ ဒါ့အပြင်ဒီဒေသမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသလို အဓိက ဒီအွန်လိုင်းလိမ်လည်မှု ဆိုတာ ခုနောက်ပိုင်းမှဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်တယ်။ အဓိက  အရင်းအမြစ်သည် အဲဒီဒေသမှာ တရားမဝင်စီးပွားရေး လုပ်ငန်းတွေ အထူးသဖြင့် တရားမဝင်စီးပွားရေး လုပ်ငန်းဆိုတဲ့နေရာမှာ မူးယစ်ဆေးဝါး လုပ်ငန်းဘဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းကနေ တရားမဝင်ငွေတွေ ရတယ်။ တရားမဝင်ငွေ ကနေပြီးတော့ မူးယစ်ဆေးဝါးလုပ်ငန်းကို ကာကွယ်ဖို့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဖွဲ့ကြတယ်။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖွဲ့ကြပြီးမှ မူးယစ်ဆေးဝါးလုပ်ငန်းအပြင်ကျန်တဲ့ တရား မဝင်လုပ်ငန်းတွေပါဆက်လုပ်တယ်။ ဒါတွေကို ကာကွယ်ဖို့ထပ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုးချဲ့တယ်။

ဒီသံသရာသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းကတိုင် လည်ခဲ့တဲ့သံသရာဖြစ်ပါတယ်။ ဒီသံသရာကိုကျွန်တော်တို့ တိုက်ဖျက်ပစ်ရမှာဖြစ်ပါတယ်။ ဒီအဆိုးကျော့ သံသရာကို တိုက်ဖျက်နိုင်မှ တရုတ်-မြန်မာနယ်စပ် ဒေသမှာ ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။ ဒီအဆိုးကျော့သံသရာကို အကယ်၍ မဖြတ်တောက်နိုင်သမျှ ကာလပတ်လုံး၊ မနှိမ်နင်းနိုင်သမျှ ကာလပတ်လုံးမှာ ဒီဟာတွေသည် တစ်နည်းတစ်ဖုံနဲ့ တိုးတက်လာတဲ့ခေတ်နဲ့အညီ နည်းလမ်း အသစ်တွေနဲ့ ပေါ်ပေါက်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ အနေနဲ့ ပူးပေါင်းဆက်ဆံရေး၊ ပူးပေါင်းဆက်သွယ်ရေးဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်။