တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်း ကျေးရွာများ၊ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်င

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်း  ကျေးရွာများ၊ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၇

     ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ကျောက်ဖြူမြို့ရှိ STUDENTS HOSTEL ၌ အခြေပြု၍ ကျောက်ဖြူမြို့နှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၁၄ ဦး၊ ခွဲစိတ်ရောဂါ ၃၀ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၅ ဦး၊ ကလေးရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၁၀၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၈ ဦး၊ မျက်စိရောဂါ ၁၃၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၆ ဦး စုစုပေါင်း ၇၆၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၂ ဦး ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးသည်။

အလားတူ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ ဆိပ်သာတိုက်နယ်ဆေးရုံ၌  အခြေပြု၍ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၅၁ ဦး၊ ခွဲစိတ်ရောဂါ ၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၆ ဦး၊ ကလေးရောဂါ ၆ ဦး၊ အရိုးရောဂါ ၆၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၇ ဦး၊ မျက်စိရောဂါ ၈၅ ဦးနှင့် သွားရောဂါ ၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂ ဦး စုစုပေါင်း ၃၅၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဦးညီညီ(စံပြရပ်ကွက်၊ ကျောက်ဖြူမြို့)

    “တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့ရောက်လာတာသိလို့ ကျွန်တော်လာ ရောက်ပြသပြီး  မျက်စိခွဲစိတ်ကုသရတာ ဝမ်းသာပါတယ်။ မျက်စိက  ၁၀ နှစ်ကျော် လောက်ရှိပါပြီ။ မမြင်ရပါဘူးဝါးနေတာ ပေါ့။ အိမ်မှာပဲသွားလိုက်လာလိုက် ချက်လိုက်နဲ့ နေနေရတာပါ။ ကျွန်တော့်ရဲ့အားနည်းချက်ပါပဲ။ မျက်စိကလည်း အလင်းရောင် ကလည်းမကောင်း၊ ပတ်ဝန်းကျင်ကလည်း အပေါင်းအသင်းတွေကလည်း လှောင်ပြောင်မှုတွေရှိလာပါတယ်။ ပိုပြီးခံစားရပါတယ်။အခုလို တပ်မတော်အကြီးအကဲနဲ့ တာဝန်ရှိ  သူတွေအားလုံး ကျွန်တော်တို့ကို အခမဲ့ ဆေးကုသခွင့်ရရှိအောင် ဖန်တီးပြုစုပေးရာ မှာ ကျွန်တော်ပါဝင်ကုသခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ ပြောကြား လိုပါတယ်။   အခုလိုဆေးကုသခွင့်ရတဲ့အတွက်ကြောင့်   မျက်စိပွင့်တဲ့အခါမှာ ကျွန်တော့်မျက်စိအလင်းရောင် နဂိုအတိုင်း  ပြန်ရလာမယ်လို့   သိတဲ့အတွက်ကြောင့်  အလွန်ပဲဝမ်းသာမိပါတယ်” ဟုပြောသည်။

ဒေါ်မြဌေး(မဲကုန်းကျေးရွာ၊ ကြံခင်းမြို့)

    “အရိုးအကြော လာရောက်ပြသတာပါ။ ရောဂါဖြစ်တာ နှစ်နှစ်သုံးနှစ်လောက်ရှိပါ ပြီ။ အခုကျတော့ ခြေထောက်တွေ ကိုက်ပါများလာတော့ ထုံလာတာပေါ့။  ဒီကိုတပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့လာတယ် ဆိုတော့ လာရောက်ပြသတာပါ။ ပထမပိုင်း ကတည်းက တာဝန်ရှိသူတွေက တပ်မတော် နယ်လှည့်ဆေးကုသရေး အဖွဲ့လာမယ်လို့ ကြိုပြောထားပါတယ်။  လာရောက်ကုသတော့လည်း ကားတွေအကုန်စီစဉ်ပေးပါတယ်။ ဆရာဝန်ကတော့ ဆေးလည်းထိုးပေးပါတယ်။ သောက်ဆေးလည်း ပေးပါတယ်။ကုန်ကျစရိတ်ကတော့  လုံးဝမရှိပါဘူး။ အပြင်မှာတော့ကုန်တာပေါ့။   ဆေးထိုးတယ်၊ သောက်ဆေးပေးလည်း ကုန်တာပေါ့။ ဒီမှာကလုံးဝမရှိပါဘူး။ ဝမ်းသာပါတယ်။ အခုလိုမျိုးလာရောက်ပြီး အယုတ်အလတ် အမြတ်မရွေး  လာရောက်ကုသပေးတဲ့ အတွက် အကုန်လုံး တပ်မတော်နယ်လှည့်ဆေးကုသရေးနဲ့ နိုင်ငံတော်အကြီးအကဲတွေ အားလုံးကို ကျေးဇူးတင်ဝမ်းသာပါတယ်” ဟုပြောသည်။