မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်မှုနှင့်ပတ်သက်၍ လုပ်ဆောင်နေမှု အခြေအနေများ၊ ကယားပြည်နယ်ရှိ KNPP နဲ့ PDF အကြမ်းဖက်တွေဆီကို ပို့ဆောင်မယ့် လက်နက်၊ ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိမှု၊ ၁၇-၁၁-၂၀၂၃ ရက်နေ့ ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများနှင့်ဘဏ်နှင့်

မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်မှုနှင့်ပတ်သက်၍ လုပ်ဆောင်နေမှု အခြေအနေများ၊ ကယားပြည်နယ်ရှိ KNPP နဲ့ PDF အကြမ်းဖက်တွေဆီကို ပို့ဆောင်မယ့် လက်နက်၊ ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိမှု၊ ၁၇-၁၁-၂၀၂၃ ရက်နေ့ ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများနှင့်ဘဏ်နှင့်ပတ်သက်သော ကောလာဟလသတင်းများထွက်ပေါ်နေမှု အခြေအနေတို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၇

          ဒီနေ့မှာတော့ ထူးခြားဖြစ်စဉ်အနေနဲ့ ထိတွေ့တိုက်ပွဲဖြစ်စဉ်အနေနဲ့ ပထမဦး ဆုံး ကျွန်တော်တို့အနေနဲ့ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်။ အွန်လိုင်း လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ အမြစ်ပြတ်ချေးမှုန်းနိုင်ရေး ကျွန်တော်တို့ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အဓိက ဖြစ်ပွားခဲ့တဲ့နယ်မြေ ရှမ်းပြည်နယ်အရှေ့မြောက် နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ နယ် မြေတွေမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်းပိုင်းမှာ ကျွန်တော်တို့ ဒီလဆန်းပိုင်းက နေစပြီးတော့ကျ စစ်ဆေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးမှုတွေဆောင်ရွက် တဲ့ နေရာမှာ နိုဝင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ မက်မန်းမြို့နယ် ၊ ကျေးရွာတွေကို တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်စစ်ဆေးခဲ့တယ်။ စစ်ဆေးခဲ့တဲ့နေရာမှာ တရားမဝင် ဝင်ရောက်နေသူ သံသယရှိသူ ၄၈ ယောက် ဖမ်းဆီးရမိခဲ့တယ်။ ထို့ပြင် မိုင်းယောင်းမြို့နယ်ထဲမှာလည်း စစ်ဆေးခဲ့တာတွေ ဆောင်ရွက်ခဲ့တယ်။ ပြီးရင်တော့ တာချီလိတ်မှာလည်း စစ်ဆေးမှု တွေဆောင်ရွက်ခဲ့တယ်။ ပြီးရင် ရှမ်းပြည်နယ် တောင်ပိုင် ဂိတ်တွေမှာ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်။ ဒီစစ်ဆေးမှုတွေထဲမှာ ဖမ်းဆီးရမိအနေနဲ့ကတော့ တရုတ်နိုင်ငံ သား ၂၇၀ ဦး ၊ မလေးရှားနိုင်ငံသား ၂ ဦး ၊ ဗီယက်နမ် နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံ သား ၁၃ ဦး စုစုပေါင်း ၂၈၆ ဦး ဖမ်းဆီးရမိခဲ့တယ်။ ဒီဖမ်းဆီးရမိသူတွေကို ကျွန်တော် တို့ ကနဦးစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်းက တ ဆင့် ငွေကြေးလိမ်းလည်မှုနဲ့ လောင်းကစားမှုတွေပြုလုပ်ဖို့ရောက်ရှိနေတဲ့လူတွေဆို တာ ကနဦးစစ်ဆေးဖော်ထုတ်ချက်အရတွေ့ရှိရတယ်။ ဒီ ၂၈၆ ဦးကို ဆက်လက်ပြီး စစ်ဆေးမှုများ ဆောင်ရွက်ပြီးတော့ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။ အများစုကတော့ ကျွန်တော်တို့ စစ်ဆေး ချက်တွေအရ သိရှိရတာကတော့ ဝ နယ်မြေထဲမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှု ပြာလုပ်ရာကနေပြီးမှ ထွက်ပြေးလာတဲ့သူတွေလို့ ကျွန်တော်တို့သိရှိရပါတယ်။ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းလိမ်းလည်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး တတ်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ ပြောချင်ပါတယ်။

          နောက်တစ်ခုကတော့ ကယားပြည်နယ်အတွင်းမှာ အဖျက်အမှောင့်လုပ်ငန်း တွေ ဆောင်ရွက်နေတဲ့ KNPP , PDF အကြမ်းဖက်အဖွဲ့တွေထံကို ပို့ဆောင်မယ့် လက် နက်ခဲ့ယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ပါတယ်။ ပင်လုံမြို့မှာ ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့တာဖြစ်တယ်။  အကြမ်းပြင်းအားဖြင့်တော့ RPG ဒုံးပြစ်လောင်ချာ ၁၂ လက် ၊ တရုတ်စက်လက် ၉ လက်နဲ့ တိုက် 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်ပါ ပါတယ်။ ခဲ့ယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံများလည်း ဖမ်းဆီးရမိခဲ့ပါ တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တိုက် 81 ဆိုတဲ့ လက်နက်အမျိုးအစားသည် အထူးဒေ သ တစ်ခုကနေပြီးမှ ထွက်လာတဲ့ လက်နက်တွေဖြစ်တယ်လို့ ယူဆ ရပါတယ်။ ဒီမှာ သတိရှိစေချင်တာကတော့ မြန်မာနိုင်ငံမှာအခုဖြစ်ပွားနေတဲ့ ဖြစ်ပေါ်နေတဲ့ လက်နက် ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ EAO အဖွဲ့တွေရှိနေတယ်။ ထောက်ပံ့ပေးနေတာတွေ ဟာ EAO အဖွဲ့တွေဖြစ်တယ်။ ငွေရေးကြေးရေးအရ ပြည်ပနိုင်ငံတွေက ထောက်ပံ့ပေး နေတာတွေရှိတယ်။ မြန်မာနိုင်ငံကို ယခင်ကတည်းကတိုင် မြန်မာနိုင်ငံကို ရန်သူ သဖွယ်သဘောထားနေတဲ့ နိုင်ငံတွေက အကြောင်းအမျိုးမျိုးနဲ့ ထောက်ပံ့ပေးတာရှိ တယ်။ လက်နက်ထောက်ပံ့မှုကိုလည်း မျိုးစုံလုပ်‌နေပြီးတော့ ပဋိပက္ခအရှိန်အဟုန် မြှင့်နေတာ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

          ထိတွေ့တိုက်ပွဲများအနေနဲ့ကတော့ ကျွန်တော်တို့ ရှမ်းအရှေ့မြောက်မှာ နမ့်ခမ်း ကို အဝေးကလာရောက်ပစ်ခက်တာရှိတယ်။ တာမိုးညဲနဲ့ ဟိုပန်မှာတော့ Drop Bomb တွေချပြီး လာရောက်တိုက်ခိုက်တာမျိုးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီး အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ် လမ်း ကြောင်းနဲ့ ပတ်သက်ပြီးတော့ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ ကယားပြည်နယ် အခြေအနေမှာတော့ ကယားပြည်နယ် အကျဉ်း ထောင်ကို လာရောက်ပြီးတော့ ပစ်ခက်ခဲ့တာရှိတယ်။ ဒီနေ့ နေ့ခင်းမှာတော့ ပြန်လည်ဆုတ်ခွာသွားတာရှိတယ်။ ကယားပြည်နယ်မှာ နောက်တစ်ခုက ကျွန်တော်တို့  တရားရုံးပေါ့။ ကယားပြည်နယ် တရားရုံးကို ဝင်ရောက်သွားပြီး မီးရှို့ဖျက်ဆီးသွား တာမျိုးရှိတယ်။ ရခိုင်ဘက်မှာတော့ နယ်ခြားစောင့် ရဲကင်းစခန်းဖြစ်တဲ့ ဒုံးညိုရဲကင်း စခန်းသည် နှစ်ရက်ကြာ ထိတွေ့တိုက်ပွာဖြစ်ပွားနေပြီး ဒီနေ့ နေ့လည်မှာ ပြန်ပြီး ဆုတ်ခွာပေးလိုက်တာရှိတယ်။ ထရွှန်အိုင်ဘက်မှာလည် ထိတွေ့တိုက်ပွဲ အနည်းငယ် ရှိတယ်။ ပေါက်တောမြို့မှာတော့ ပေါက်တောရဲစခန်း ဆုတ်ခွာပြီး နောက်ပိုင်းမှာ ပေါက်တောမြို့ရဲ့ အခြေအနေကို တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည် ရောက်ရှိပြီးဖြစ်တယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်လည်ရောက်ရှိပြီး နေရာချထားပြီးဖြစ်တယ်။ မြို့ရဲ့အခြေအနေကို အားလုံးထိန်းချုပ်ထားပြီ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

          နောက်တစ်ခုကတော့ အချိန်ကိုက်မှာပဲ ယခင်အပတ်တုံးကတော့ ယခင်အပတ် ကစပြီး စက်သုံးဆီနှင့် ပတ်သက်တာ ကောလာဟလ တွေထုတ်လွှင့်ခဲ့တာရှိပါတယ်။ ကျွန်တော်တို့စက်သုံးဆီနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ စက်သုံး ဆီနှင့် ပတ်သက်ပြီး ကောလာဟလများ ငြိမ်ကျသွားပြီး ခုနောက်ထပ် ဝါဒဖြန့်မှု တစ် ခုပေါ့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေတာရှိပါ တယ်။ ဘဏ်တွေမှာ ငွေရေးကြေးရေး လုံလောက်မှုမရှိဘူးလို့၊ ဘဏ်တွေမှာ ငွေထုတ်နေပြီ ဆိုတဲ့ဟာတွေ ဆောင်ရွက်နေတာရှိပါတယ်။ ပြည်သူလူထု အနေနဲ့ သိရှိ ထားဖို့ကတော့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ကျ ဗဟိုဘဏ်ကလဲ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက ငွေရေးကြေးရေးအနေနဲ့ အလုံအ လောက်ရှိပါတယ်။ ငွေရေးကြေးရေးအနေနဲ့ ဗဟိုဘဏ်အနေနဲ့လည်း ငွေရေးကြေးရေး ထုတ်/သွင်းမှုမှာ မှုတည်ပြီးတော့ ဘဏ်တွေမှာ ငွေသားလက်ကျန် ငွေသားထုတ် ပေးနိုင်မှု ချိန်ညှိဆောင်ရွက်လျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိဘူးလို့ အားမခံ ပြောကြားနိုင်ပါတယ်။