ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလများသည်မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင်ပြေစွာဆောင်ရွက်ပေးလျက်ရှိ

ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလများသည်မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင်ပြေစွာဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၈

နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ် ငန်းဝန်ဆောင်မှုရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စု များနှင့်အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကိုဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများကစိုးရိမ်ပူပန်မှုများ မြင့်တက် ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှုပေး သည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်း တစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့ သည့်အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ် လုပ်ငန်းဝန်ဆောင်မှုများရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ် များဖြင့်ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့်   ဘဏ်များသည်  သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ 

ပြည်သူများအနေဖြင့် ကောလာဟလများကို ယုံကြည်ပြီး ဘဏ်များမှ ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင် သည့်အခြေအနေမျိုးဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် ဘဏ်များ၏ ပြင်ပတွင် ငွေသားများ လိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး  ကုန်ဈေးနှုန်းကြီး မြင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။ ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကို လိုသည် ထက်ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာတွင် သုံးစွဲ သည်စသည့် သံသယဖြစ်ဖွယ် အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို လည်းခံရနိုင်ဖွယ်ရှိပါသည်။ လက်ရှိ အခြေအနေတွင်  ဘဏ်များတွင် ငွေသားများအလုံအလောက် ရှိနေပြီး ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ငွေသားများပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထား ရှိသည့်အတွက် ပြည်သူများအနေဖြင့်  ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းမပြုဘဲ   ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။