ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)နှင့်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် အားကစားနည်းများအလိုက် ယှဉ်ပြိုင်နေမှု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လှည့်လည်ကြည့်ရှု အားပေး

ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)နှင့်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် အားကစားနည်းများအလိုက် ယှဉ်ပြိုင်နေမှု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လှည့်လည်ကြည့်ရှု အားပေး

 

နေပြည်တော် နိုဝင်ဘာ ၁၈

    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း အတွင်း/အပြင်၌  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊  ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဆရာ၊ ဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်  ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)  အခြေခံပညာအထက်တန်းကျောင်းနှင့်  အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျင်းပနေသည့်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေပြည်တော်

အဆင့်  အခြေခံပညာကျောင်းသား  အားကစားပွဲတော်တွင်  ကျောင်းသား၊ ကျောင်းသူများက ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊   ဘတ်စကက်ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင် နေမှုကိုကြည့်ရှု အားပေးသည်။