ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က အဲဗာတန်အသင်းကို ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုဖြင့် ရမှတ် ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က အဲဗာတန်အသင်းကို ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုဖြင့် ရမှတ် ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်

 

    ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က အဲဗာတန်အသင်းကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုဖြင့် ရမှတ် ၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ပြီး အင်္ဂလန်ဘောလုံးလောကတွင် ရမှတ်လျှော့ပြစ်ဒဏ် အများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဲဗာတန်အသင်းသည်  ပြီးခဲ့သည့်သုံးနှစ်တာ ကာလအတွင်း ကစားသမားများအတွက် အသုံးစရိတ်များစွာ အသုံးပြုခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အသင်းဝင်ငွေများစွာ လျော့ကျခဲ့သည့်အတွက် စတာလင်ပေါင် ၁၂၄ ဒသမ ၅ သန်းအထိ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က    အသင်းတစ်သင်းအနေဖြင့်  သုံးနှစ်တာကာလအတွင်း  စတာလင်ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ပြုထားသော်လည်း ယခုအခါ အဲဗာတန်အသင်းက စတာလင်ပေါင် ၁၂၄ ဒသမ ၅ သန်းအထိ အရှုံးပေါ်ခဲ့ပြီး သတ်မှတ်ထားသည်ထက် ကျော်လွန်ခဲ့သည့်အတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားသည့်  ဘဏ္ဍာရေး စည်းမျဉ်းနှင့် ငြိစွန်းခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံဘောလုံး သမိုင်းတစ်လျှောက် ရမှတ်လျှော့ပြစ်ဒဏ် အများဆုံးအဖြစ် ၂၀၁၀ ပြည့်နှစ်က ပို့စ်မောက်အသင်း၏ ရမှတ်ကိုးမှတ်လျှော့ပြစ်ဒဏ်က အများဆုံးအဖြစ် ရပ်တည်နေခြင်းကို ယခုအခါ  အဲဗာတန်အသင်းက ရမှတ် ၁၀ မှတ်အထိ လျှော့ချ ခံခဲ့ရသည့်အတွက်  ရမှတ်လျှော့ခံရမှု အများဆုံး အသင်း ဖြစ်လာကြောင်း သိရသည်။