ရန်ကုန်ပညာရေး တက္ကသိုလ် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ရန်ကုန်ပညာရေး တက္ကသိုလ် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 

ရန်ကုန်  နိုဝင်ဘာ  ၁၉

    ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ   ရန်ကုန်ပညာရေး တက္ကသိုလ် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်မှ  ၁၉ ရက်အထိ အစမ်းလေ့ကျင့်ခြင်း အပါအဝင် ရန်ကုန်တက္ကသိုလ်   ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်ပညာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန  ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊  မော်ကွန်းထိန်း၊ သဟာယအဖွဲ့ဝင်များနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။

ယခု ရန်ကုန်ပညာရေးတက္ကသိုလ် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါရဂူဘွဲ့ ၆၃ ဦး၊ မဟာပညာရေးဘွဲ့ ၁၆၂ ဦး၊ M.A(TEFL)ဘွဲ့ ၁၈ ဦး၊ ပညာရေးဘွဲ့၁၂၁၁ ဦး၊  PGDMA ဒီပလိုမာဘွဲ့ ၁၉၄ ဦး၊ Dip ELTM  ဒီပလိုမာဘွဲ့ ၃၇ ဦး၊ Dip ECCD ဒီပလိုမာဘွဲ့ ၂၃ ဦး၊ DEM ၃၇ ဦးနှင့် (စာပေးစာယူ) ပညာရေးဘွဲ့ ၂၆၀၇ ဦးတို့ကို ချီးမြှင့်ပေးခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် အနေဖြင့် ၁၉၆၅  ခုနှစ်  ဒီဇင်ဘာလတွင်  ကျင်းပခဲ့သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှစ၍ ယနေ့(၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ဘွဲ့ရမောင်မယ် စုစုပေါင်း ၇၃၇၄၄ ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။