​​​​​​​နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ဆက်လက်ပေးအပ်လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ထမင်းဘူးများ ဆက်လက်ပေးအပ်လှူဒါန်း

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၀

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

ထိုသို့ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ထမင်းဘူး များကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးကြသည်။

စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော်သားများ တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း၊ ကျန်းမာပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။