တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ရခိုင်ပြည်နယ်နှင့်  ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ရခိုင်ပြည်နယ်နှင့်  ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၀

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၇ ဦးအား အဆိုပါကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၃ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၃၀ ဦး၊ အရိုးရောဂါ ၅၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၁၀၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့နောက် မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးအပ်ကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လက်ပံ သာယာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၇ ဦးအား အဆိုပါကျေးရွာရှိ သာသနာအောင်ကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၅၀ ဦး၊ ခွဲစိတ်ရောဂါ ၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄ ဦး၊ ကလေးရောဂါ ၈ ဦး၊ အရိုးရောဂါ ၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅ ဦး၊ မျက်စိရောဂါ ၂၄ ဦး နှင့် သွားရောဂါ ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် မျက်စိခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
 

ဒေါ်တင်မေ၊ ကွင်းဝိုင်းကျေးရွာ၊ သံတွဲမြို့နယ်

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့လာတယ်ဆိုလို့ ကွင်းဝိုင်းကျေး ရွာကနေ ဆေးလာကုတာပါ။ ဆီးချိုရောဂါဖြစ်နေတာကတော့ကြာပါပြီ။ ၁၀ နှစ်လာက်ရှိပါပြီ။ သည်းချေမှာကျောက်တည်တာက ငါးနှစ် ခြောက်နှစ် လောက် ရှိပါပြီ။ သက်သာလိုက် ပြန်ပေါ်လိုက်ဖြစ်နေတော့ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ကိုလာပြတာပါ။ နံကြိုနံကြားကအောင့်တယ်။ ဆီးချိုတွေ တက်လာပြီဆိုရင် ခေါင်းတွေမူးတယ်၊ ရင်ထဲမှာပူပြီးတော့ နေလို့မရထိုင်လို့မရ၊ ရီဝေထိုင်း မှိုင်းပြီး မျက်စိတွေဆိုရင်လည်းဘာမှမမြင်တော့ဘူး။ အဲလိုတွေဖြစ်တာပါ။ အပြင်မှာဆိုတော့လည်းငွေရေးကြေးရေးက မတတ်နိုင်ဘူးလေ။  ဆေးတောင်မှ ငွေရေးကြေးရေးအခက်အခဲကြောင့် တစ်လစာမဝယ်နိုင်တော့ဘူး။ အခုလို အဖွားတို့ကို အခမဲ့လာရောက်ကုသပေးတဲ့အတွက် ဆေးဝါးကအစ စမ်းသပ်မှု  တွေအဆုံးကုသပေးလို့ ပါရဂူကြီးတွေ၊ ဒေါက်တာကြီးတွေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော် အကြီးအကဲနဲ့တကွ ဆရာဝန်ကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါ်သူဇာအောင်၊ ကျောင်းအုပ်၊ အလက(ဝဲကြီး)

ဆရာမကတော့ အခြေခံပညာအလယ်တန်းကျောင်း (ဝဲကြီး) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာအောင်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖများက အသံချက်စက်နဲ့  ဝဲကြီးကျေးရွာမှာ တပ်မတော်နယ်လှည့်ဆေးကု သရေးအဖွဲ့လာရောက်ကုသပေးမှာဖြစ်တဲ့အတွက် လာရောက်ပြသရခြင်းဖြစ်ပါ တယ်။ အခုလိုလာရောက်ကုသတဲ့အခါမှာ ရောဂါကတော့ အဖုအကျိတ်ပေါက်လို့ လာရောက်ပြသရခြင်းဖြစ်ပါတယ်။ ဆရာမတို့က တာဝန်တွေနဲ့တကွဆိုတော့ မြို့ကိုသွားပြီး ဆေးရုံ၊ ဆေးခန်းတွေကိုသွားရောက်ပြသဖို့ကြတော့ အဆင်မပြေ ဖြစ်တယ်။ အခုလိုမျိုးတပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ကနေ ဒီကိုလာ ရောက်ကုသပေးတဲ့အတွက် အများကြီးအဆင်ပြေချောမွေ့ပြီးကုဖြစ်သွားတယ်။ ဝင်လာတာနဲ့ ဘာရောဂါဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ စသည်ဖြင့် နွေးနွေး ထွေးထွေး လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ ဒီမှာလည်း သူ့နေရာနဲ့ သူစီစဉ်ထားတာ တွေ့ရပါတယ်။ ခွဲစိတ်လူနာပြသရမယ့်နေရာ၊ အထွေထွေရော ဂါပြသရမယ့်နေရာ၊ ဆေးပေးခန်းဆိုလည်းဆေးပေးခန်း သူ့နေရာနဲ့သူ စီစဉ်ထားတဲ့အတွက်  ပြသတဲ့နေရာမှာလည်းဘဲ အဆင်ပြေ ချောမွေ့ ပါတယ်။ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့လာရောက်ဖို့အခုလို စီစဉ်ဆောင်ရွက် ပေးတဲ့အတွက်ကြောင့် အထူးဘဲကျေးဇူးတင်ပါတယ်။ အခုလိုကျေးလက်ဒေသ တွေအထိ ကုသနိုင်အောင်စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကို လည်း အင်မတန်မှ အထူးဘဲဂုဏ်ယူဝမ်းမြောက်စွာဖြစ်ကျေးဇူးတင်ရှိပါတယ်။ အခုလိုမျိုးလာရောက် ကုသနိုင်အောင်လုပ်ဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ နဲ့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ  ဆေးကုသပေးတဲ့ဆရာဝန်တွေ လည်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သပေးပါတယ်။