ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူသွားလာမှုအဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

 

ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကအများပြည်သူသွားလာမှုအဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ ၂၀ ရက်

TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန် အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြု သွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများ တူး၍ လမ်းအား ဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူများသည် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကား လမ်းမကြီး တစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် ၁ နေရာ၊  လယ်ကျင်းကွေ့ကျေးရွာအနီးတွင် ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် ၁ နေရာ၊  ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် ၁ နေရာ၊  နောင်ပစ်နှင့်နောင်ပိန်းကျေးရွာ ကြားနေရာတစ်ဝိုက်တွင် ၇ နေရာတို့၌ မြေဖြတ်ကျင်း များတူး၍ လမ်းအားဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင်  သစ်ပင်ကြီးများ အား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှု ရပ်တန့်ခဲ့ရသည်။ ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေး ကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၆ ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင်  အကြမ်းဖက်သမား များ ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ ၁၂ နေရာတို့အား ပြန်လည်ဖယ်ရှားရှင်းလင်း ပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကာ အဆိုပါ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကျန်ရှိသည့် နေရာများအားလည်း ပုံမှန် အတိုင်း  ပြန်လည်အသုံးပြု သွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြု သွားလာ လျက်ရှိသည့်  လမ်းမကြီးများအား ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဒေသခံပြည်သူများ နှင့်ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။