မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်(သန်လျင်)တို့သို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သွားရောက်ကြည့်ရှု စစ်ဆေး

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်(သန်လျင်)တို့သို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သွားရောက်ကြည့်ရှု စစ်ဆေး

 

ရန်ကုန်  နိုဝင်ဘာ  ၂၁

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ  မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီးက ကောလိပ်၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက် အကောင်အထည်ဖော်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အရည်အချင်း ပြည့်ဝသော ရေကြောင်းအရာရှိလောင်းများ မွေးထုတ်ရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြု ရေကြောင်းကောလိပ် တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားရန် မှာကြားပြီး ကောလိပ်ရှိ Simulator များ၊ စာသင်ခန်းများ၊ Labခန်းများ၊ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ အလုပ်ရုံများနှင့် စားရိပ်သာတို့ကို လှည့်လည်စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်(သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပါမောက္ခချုပ်၏  ရှင်းလင်းတင်ပြချက်များ အပေါ် အဆောက်အအုံများ တည်ဆောက်ရာတွင်  သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊  ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက် သွားရေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ် စာကြည့်တိုက်၊ ကျောင်းသား၊ ကျောင်းသူ များ အိပ်ဆောင် တည်ဆောက်နေမှုနှင့် ပလက်ဖောင်း တည်ဆောက်ပြီးစီးမှု အခြေအနေကို  လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအတွက်    ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ  ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။