ပလက်ဝမြို့နယ်၊ မီးဇာရွာအား တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

ပလက်ဝမြို့နယ်၊ မီးဇာရွာအား တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာရွာအနီးသို့ နိုဝင်ဘာ ၂၀ ရက် ည နေပိုင်းတွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေး အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိ သော်လည်း နိုဝင်ဘာ  ၂၀ ရက်တွင်  အဆိုပါ နေရာတဝိုက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွာခဲ့ခြင်းမရှိကြောင်းနှင့် AA အဖွဲ့အနေဖြင့်  ပလက်ဝမြို့နယ်အတွင်း တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် ပြည်သူများ နေထိုင်သော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ယခုဖြစ်စဉ်သည် တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေမှုအပေါ် အခွင့်ကောင်းယူ၍ တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်ရည်ရွယ်ကာ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းမရှိဘဲ AA အဖွဲ့က ၎င်းကျေးရွာတစ်ဝိုက်အား  လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟု စွပ်စွဲကာ ပြည်ဖျက်မီဒီယာများက သတင်းအမှား၊ သတင်းအတုများကို ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။