၂၂-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက

မြန်မာနိုင်ငံအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှဲပြောင်းပေးမှု့များနှင့် နယ်စပ်ဒေသတွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ဖျက်မီဒီယာများမှ ဖြန့်ဝေလျက်ရှိသည့် ကောလာဟလ ဝါဒဖြန့် သတင်းတု၊ သတင်း အမှားများ ထုတ်လွှင့် နေမှုများ နှင့် ၂၂-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
 

ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင် ရောက်လာတဲ့ နိုင်ငံခြားသားများကို စစ်ဆေးပြီး နေရပ်ပြန်လွှတ်တာတွေ လုပ်ဆောင် ပေးလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ဒီနေ့ နိုဝင်ဘာလ ၂၂ မှာတော့ နယ်စပ်ဒေ သ အသီးသီးမှာ ဝင်ရောက်နေတဲ့ တရုတ်အမျိုးသား ၁၀၉၁၊ အမျိုးသမီး ၁၉၇ ဦး စုစု ပေါင်း ၁၂၈၈ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို ပြန်လည်လွဲပြောင်းပေးခဲ့ပါ တယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ဒီနေ့ထိ စုစုပေါင်း (၅၂၀၆) ဦး ရှိပြီးဖြစ်ပါတယ်။ ဒါ့ပြင် တခြားနိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး ပြန်လည် အပ်နှံတာတွေ ၊ တရုတ်နိုင်ငံဖက်က တစ်ဆင့်ပြန်လည်အပ်နှံတာတွေ ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး ၊ တည်ငြိမ်ရေးနဲ့ နယ်စပ်ဒေသမှာ တရားမဝင်လုပ်ငန်းများ ပပျောက်စေရေးအတွက် တရုတ်နိုင်ငံအစိုးရနဲ့ တတ်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင် ရွက်လျက်ရှိတဲ့နေရာမှာတော့ မနေ့က ကျွန်တော်ပြောသလိုပဲ အနောက်နိုင်ငံအား ပေး ပြည်ဖျက်မီဒီယာ တစ်ချို့အနေနဲ့ကတော့ ဒီလုပ်ငန်းတွေအပေါ်မှာ နှစ်နိုင်ငံဆက် ဆံရေးကို ထိခိုက်အောင်အကြောင်းအမျိုးမျိုးဖန်တီးပြီး ရေးနေတာတွေတွေ့ရပါလိမ့် မယ်။  ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံများနဲ့ လက်တွဲပြီး တတ်ကြွ စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ကောလာဟလ သတင်းတွေပေါ့ ။ ဘယ် လောက်ထိလုပ်သလဲဆိုရင် ရန်ကုန်မှာဆိုရင် ပေါ်တာဆွဲနေပြီဆိုတဲ့ သတင်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာမျိုးတွေ့ရှိရပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့ ဒီသတင်းကိုပဲ မနေ့ကစပြီး ဒီနေ့မှာ ပိုဆိုးတာပေါ့။ မနေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ဒေသခံတွေ မေး ကြည့်လဲ သိပါတယ်။ အားလုံးသိပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဘယ်နေရာမှ တပ်မတော်အနေနဲ့ ဒီအလုပ်မျိုး လုပ်စရာအကြောင်းမရှိပါဘူး။ တပ်မတော်အနေနဲ့ စစ်မှုထမ်းဟောင်းများ ၊ ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ်ခြင်း မရှိဘူးဆိုတာကို ကျွန်တော်တို့ပြောလိုပါတယ်။ ပြည်သူလူထုအနေနဲ့ စိတ်အေးချမ်း သာစွာနေထိုင်နိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်။ ဒါတွေဘာလို့ဖြစ်လာ တယ် ဆိုတော့ အဓိကတော့ မငြိမ်မသက်ဖြစ်နေတဲ့နေရာမြေ၊ သောင်းကျန်းမှုဖြစ် နေတဲ့ နယ်မြေမှာ သူတို့ကိုယ်တိုင်လုပ်ဆောင်နေတဲ့ အလုပ်တွေကို ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။ MNDAA အနေနဲ့ မူဆယ် မုံးကိုးဒေသ မုံးကိုးမှာရှိတဲ့ ဟေမိုးလုံသာသနာ ပြုကျောင်းက သံဃာ ၂၆ ပါးကိုဖမ်းသွားပါတယ်။ အဲ့ဒီအထဲက ၄ ပါးကို စစ်သားအ ဖြစ် အဓမ္မစစ်သားစုဆောင်းခဲ့တာရှိပါတယ်။ သူတို့အနေနဲ့ ကိုးကန့်ဒေသမှာ ဘယ်သူ မဆို စစ်မှုထမ်းရမယ် ၊ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရမယ် ဆိုပြီး တရားဝင်းပြော ကြားထားချက်တွေရှိပါတယ်။ ဒါတွေကို ဖုံးကွယ်ချင်လို့ လုပ်နေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ AA အနေနဲ့ ပေါက်တောမှာ AA ကထိန်းသိမ်းထားပြီဆို ပြီးကြေညာခဲ့တယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်လည်ဝင်ရောက်တဲ့ အခါမှာ AA အနေနဲ့ထွက်ပြေးသွားတယ်။ ခုပေါက်တောမှာ ကျွန်တော်တို့ မနေ့ကစ ပြီး လုံခြုံရေးအဖွဲ့တွေကို ပစ်ခက်တိုက်ခိုက်တာမျိုးရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေတဲ့နေရာသည် လူနေရပ်ကွက်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ လုံခြုံရေးနေရာတွင် နေထိုင်ခြင်းဖြစ်ပါတယ်။ ပေါက်တောမှာ ယခင်ကတည်းကတိုင် ဒေသခံတွေက သူ့အိမ်နဲ့သူနေကြတဲ့ လူတွေပဲဖြစ်ပါတယ်။ ဒါတွေကို AA အနေနဲ့ ဒီနေရာတွေကို ဝင် ရောက်နေရာယူနိုင်ဖို့အတွက် ဒေသခံတွေကို နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီနှင်ထုတ်ခဲ့ တာကိုပဲ ပြောင်းပြန်လှန်ပြီး ဓားစားခံအနေနဲ့ သုံးနေတဲ့ သူတွေကို ကယ်ထုတ်ဆိုပြီး လုပ်ကြံသတင်း ဝါဒဖြန့်မှုပဲ ဖြစ်ပါတယ်။ ဒါမူဆယ် ၁၀၅ မိုင်စခန်းကို MNDAA အနေနဲ့ အဝေးကနေ ပစ်ခက်ခဲ့တာရှိပါတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ MNDAA က ပစ်ခက်လိုက်တဲ့ လက်နက်ကြီး ကျည်ကျပြီးတော့ကျ သံဃာအချို့ဒဏ် ရာရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ လောက်ကိုင်မြို့ကိုလည်း အကြောင်းမဲ့ ရှော့တိုက် ဒုံး ၁၃ လုံးနဲ့ ပစ်ခက်ခဲ့တာရှိပါတယ်။ ဒီပစ်ခက်မှုကြောင့် တုံချိန်မှာရှိတဲ့ ကားတစ်စီး ထိမှန်ခဲ့တာမျိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ရှမ်းပြည်နယ်( အရှေ့မြောက်ဒေသ)မှာ နမ့်စလပ် ၊ မုံးကျက်၊ တာမိုးညဲ ဒေသတွေမှာတော့ ထိတွေ့တိုက်ပြွတွေ ဖြစ်ပွားနေတာရှိပါတယ်။ ကယား ပြည်နယ်မှာတော့ အကျဉ်းထောင်နဲ့ မီးသတ်ကို လာရောက်ပစ်ခက်တာမျိုးတွေရှိ ကြောင်း တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ မနေ့ကကျွန်တော်ပြောခဲ့သလို ထရွှန်အိုင်စခန်းတို့ နှုံးဘူးစခန်းတို့ကို လာရောက်ပြီး ပစ်ခက်တာရှိပါတယ်။ တပ်မတော်ဘက်က ပြန်လည်ပစ်ခက်ရာမှာ ပြန်လည်ဆုတ်ခွာသွားတာမျိုးရှိပါတယ်။ ကယားပြည်နယ်မှာ လွိုင်ကော်မြို့တဝိုက်မှာ စစ်ရေးနဲ့ မဆိုင်တဲ့ လူနေရပ်ကွက်တွေ ထဲကို ဝင်ရောက်တာတွေ၊ ပစ်ခက်တာတွေကို KNPP အနေနဲ့ ဆက်လက်လုပ်ဆောင် နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့အတွက် ကယားပြည်နယ်နဲ့ဆက်စပ် ရှမ်းပြည်နယ် တောင်ပိုင်း PNLO ပအို့အခြေပြုဒေသတွေမှာ ကယားပြည်နယ်က စစ် ဘေးရှောင်များ တစ်သောင်းလောက်ရောက်ရှိနေတာတွေ့ရပါတယ်။ ခိုလုံဖို့စခန်းတွေ လည်း ၂၀ ကျော်လောက်ဆောင်ရွက်ထားရတာရှိပါတယ်။ ဒီဒေသတွေမှာ ပအို့ဒေသ ခံများ PNLO အဖွဲ့များနဲ့ အစိုးရတို့ပူးပေါင်းပြီး စစ်ဘေးရှောင်များအတွက် လုပ် ဆောင်ပေးနေတာတွေရှိပါတယ်။ ဒေသခံပြည်သူလူထုအနေနဲ့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေနဲ့ သိရှိထားရမှာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တိုင်းရင်း သားလူမျိုးစုပေါင်းစုံ ဖွဲ့စည်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ တိုင်းဒေသ ကြီး တစ်ခုမှာပဲဖြစ်ဖြစ် ၊ ပြည်နယ်တစ်ခုမှာပဲဖြစ်ဖြစ် ဒေသတစ်ခုမှာပဲဖြစ်ဖြစ် တိုင်း ရင်းသားလူမျိုးသီးသန့် နေထိုင်တဲ့နေရာဆိုတာ တော်တော်ရှားပါးပါတယ်။ မရှိပါဘူး။ အားလုံးသည် စုပေါင်းပြီးနေထိုင်တာဖြစ်ပါတယ်။ စုပေါင်းပြီးနေထိုင်တဲ့နေရာမှာ အန္တရာယ်များတာသည် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းများက လူမျိုးတစ်စုအ နေနဲ့လွှမ်းမိုးဖို့လုပ်နေတာသည် အန္တရာယ်များတဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ ဒီနေ့ မှာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက် နေရာမှာ နောင်ပိုအောင် မှာ SNA ရှမ်းနီအဖွဲ့နဲ့ KIA , PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ဒါတွေသည် အစိုးရကို လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်နေတာထက် တိုင်းရင်းသား လူမျိုးစု အချင်းချင်းပါ ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၎င်းတို့ ရဲ့လုပ်ဆောင်ချက်တွေဟာ အဓိက သူတို့ကြွေကြော်နေတဲ့ အလုံးစုံပျက်သုန်းရေးကို ဦးတည်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကသတိရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ပြန်လည်အေးချမ်းဖို့ လုံခြုံမှုရှိစေဖို့အ တွက် ဒီလိုအဖျက်သမားစိတ်ဓာတ်မျိုးရှိတဲ့ သောင်းကျန်းသူများကို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး အမြစ်ပြတ်ချေးမှုန်းသွားရ မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။