နမ့်ခမ်းမြို့အတွင်းသို့ တပ်မတော်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

နမ့်ခမ်းမြို့အတွင်းသို့ တပ်မတော်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာ များ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် နမ့်ခမ်းမြို့နယ်အနီးတွင် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် နမ့်ခမ်းမြို့အနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများက လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နမ့်ခမ်းမြို့အတွင်းသို့ လက်နက် ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တပ်မတော် စစ်ကြောင်းများမှ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် မည်သည့်အခါမျှ  ပစ်ခတ်တိုက်ခိုက်ခြင်း မရှိခဲ့ကြောင်းနှင့်  တပ်မတော်နှင့်ပြည်သူ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများကို မလိုလားသည့် ပြည်ဖျက်မီဒီယာ များက ပြည်သူလူထုနှင့်တပ်မတော်အကြား သွေးကွဲစေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။