ဘဏ်ငွေထုတ်ရာ၌ ကန့်သတ်မှုများရှိနေသည်ဟု သတင်းမှားများ ဖြန့်ဝေ

 

ဘဏ်ငွေထုတ်ရာ၌ ကန့်သတ်မှုများရှိနေသည်ဟု သတင်းမှားများ ဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်

ဘဏ်ငွေထုတ်ရာ၌ ကန့်သတ်မှုများရှိနေသည်ဟု ငွေထုတ်ယူသူများထံမှ သိရှိရသည်ဟူသော သတင်းမှားများအား ပြည်ဖျက်မီဒီယာများက Social Media များ၌ ဖြန့်ဝေလျက်ရှိသည်။

ဘဏ်ငွေထုတ်ယူမှုနှင့်ပတ်သက်၍ ပုံမှန်ထုတ်ယူလျက်ရှိသည့်အခြေအနေကို  နိုဝင်ဘာ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ထုတ်ပြန်ပြောကြားထားပြီး ဗဟိုဘဏ်၏ ကြေညာချက်ဖြင့်လည်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

သို့သော် ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်အတွင်း ငွေကြေးစီးဆင်း လည်ပတ်မှုကို ထိခိုက်စေရန်နှင့် ပြည်သူများက ဘဏ်များနှင့် ပတ်သက်၍ ယုံကြည်မှုများကျဆင်းကာ နိုင်ငံ့စီးပွားရေးကို ထိခိုက်စေရန်ရည်ရွယ်ပြီး  ယခုကဲ့သို့ သတင်းမှားများကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။