​​​​​​​TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သမားများပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းထဲသို့ ကျရောက်ပေါက်ကွဲသည်ကို တပ်မတော်မှပစ်ခတ်သည်ဟု ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုသတင်းမှားများဖြန့်ဝေ

TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သမားများပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းထဲသို့ ကျရောက်ပေါက်ကွဲသည်ကို တပ်မတော်မှပစ်ခတ်သည်ဟု ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုသတင်းမှားများဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၃

TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သမားများပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်ယာဉ်ရပ်နားစခန်းဝန်း ထဲသို့ ယနေ့နံနက်ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါယာဉ်ရပ်နားစခန်းရှိ ကုန်တင်ကား အချို့မီးလောင်ခဲ့မှုအား တပ်မတော်မှပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်များတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေအဆိပ်ခတ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်အနေဖြင့် မူဆယ်မြို့ဝန်း ကျင်တွင် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းလုံးဝမရှိကြောင်းနှင့် TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက ကုန်စည်စီးဆင်းမှုရပ်တန့် စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခြင်းသာဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့်  ကျင်စန်းကျော့ဂိတ်ယာဉ်ရပ်နားစခန်းဝန်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်သွားသည်သာဖြစ် ပြီး ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် တပ်မတော်မှ  ပစ်ခတ်သည်ဟု လုပ်ကြံဇာတ်လမ်းဆင်ပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်များတွင် သတင်းတု သတင်းမှားဖြန့်ဝေ အဆိပ်ခတ်နေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။