၂၃-၁၁-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များ

မြန်မာနိုင်ငံအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ ရန်ကုန်မြို့ရှိကျောင်းများတွင် တပ်မှဝင်ရောက်တပ်စွဲသည်ဟု ထုတ်ပြန်နေသော ကောလာဟလသတင်းများ၊မူဆယ်မြို့နယ်၊ ကောင်းခံကျေးရွာအနီးရှိ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးဝင်း MNDAA နှင့် TNLA ပူးပေါင်း အကြမ်းဖက်သမားများမှ ကားများအပေါ် Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့မှုအခြေအနေများ ၊ ၂၃-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု အခြေအနေများနှင့် လက်ရှိကောလာဟလ သတင်းမျိုးစုံထုတ်လွှင့်နေမှုများသည် ယခင်ဗကပမှ ပြုလုပ်ခဲ့သည့်နည်းလမ်းဟောင်းများအတိုင်းလုပ်ဆောင်နေမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၃ ရက်

ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ အခုဖြစ်ပေါ်နေ တယ်လို့ပြောနေတဲ့ Online လိမ်လည်မှု့အပြင် တရားမဝင်လုပ်ငန်းများ ပပျောက်စေ ရေး၊  တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါ တယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ နယ်စပ် ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၇၈၈ ဦး အမျိုးသမီး ၁၄၄ ဦး ပေါင်း ၉၃၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက် နေ့ထိ စုစုပေါင်း ၆၁၃၈ ဦးလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံ နယ်ကြားဒေသ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်း များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ တတ်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ပထမဦးဆုံးပြောကြားလိုပါတယ်။

ဒုတိယအနေနဲ့ကတော့ ရန်ကုန်မှာရှိတဲ့ ကျောင်းတွေမှာ တပ်တွေကဝင်ရောက် တပ်စွဲတယ်ဆိုတဲ့ ကောလာဟလ သတင်းဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မှန် ကန်မှုလဲ မရှိပါဘူး၊ အခြေအမြစ်လဲမရှိပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီး မနေ့ကလဲ ပြော ပြီးဖြစ်ပါတယ်။ ကျောင်းတွေပိတ်လိုက်ရတယ်၊ ကျောင်းတွေမှာ လုံခြုံရေးစိုးရိမ်ရ တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့မှာ ပုံမှန် ကင်းလှည့်တာတွေ၊ ပုံမှန်ဆောင်ရွက်တဲ့လုပ်ငန်းတွေပဲ လုံခြုံရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။

ဒီနေ့မှာတော့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မှုဆယ်မြို့နယ် ကောင်းခံ ကျေးရွာအနီးမှာရှိတဲ့ Sevenဟွာကျင့် ကုန်တင်ကုန်ချကားကြီးကွင်းMNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့ သောင်းကျန်းသူအဖွဲ့က ကောင်းခံရွာရဲ့ တောင်ဘက်ကနေ Drone များ နဲ့ကားတွေပေါ် Drop Bomb များကြဲချခဲ့တာရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ တရုတ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို Export တင်သွင်းလာတဲ့ကား ၂၅၈ စင်းရှိပါတယ်။ အဓိကတော့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ ၊ အဝတ်အထည်တွေ ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ တင်ထားတဲ့ ကားတွေဖြစ်ပါတယ်။ ဒီကားတွေဟာ လမ်းမှာ ကျွန်တော်တို့ မူဆယ်-မန္တလေးလမ်းမကြီး တလျှောက်မှာ TNLA နဲ့ MNDAA အဖွဲ့တွေက ကားလမ်းတွေဖျက်ဆီးပြီး တံတားများချိုးထားတဲ့ အတွက် ဒီနေရာမှာ ရပ်တန့်ထားတဲ့ ကားတွေဖြစ်ပါတယ်။ အဲ့ ၂၅၈ စင်းထဲက အစင်း ၁၂၀ လောက် မီး လောင်ပျက်ဆီးခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ မူဆယ်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ မီးသတ် ကား ၄ စင်း လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားများ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အတွက်ကြောင့်မလို့ မီးအရှိန်ပြင်းပါတယ်။ ဒီညနေပိုင်း ၄ နာရီလောက်မှ မီးငြှိမ်း သတ်နိုင်ခဲ့ပါတယ်။ ကားအစင်း ၁၂၀ လောက်မီးလောင် ပျက်ဆီးခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီနေရာသည် စစ်ရေးနဲ့ဆိုင်တဲ့ နေရာလဲ မဟုတ်ပါဘူး။ ဒါပြည်သူလူထု နဲ့ ဆိုင်တဲ့နေရာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိက အချက်အချာ ကြတဲ့နေရာဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ မြန်မာနိုင် ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန် ၊ဆေးဝါး ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာခြင်းသည် ပြည်သူ လူထုကို တိုက်ရိုက်စော်ကားတာဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပါတ်သက်တဲ့ စီးပွား ရေးကို တိုက်ရိုက်ထိပါးစော်ကားတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

တိုက်ပွဲဖြစ်စဉ်များအနေနဲ့ကတော့ ကျွန်တော်တို့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ နမ့်စလပ်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ နှစ်ပတ်ခန့်ရှိပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အင်အားဖြည့်တပ်များလည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီညနေပိုင်းမှာတော့ အင်အားဖြည့်တပ်များ ရောက်ရှိပြီး ရန်သူအနေနဲ့ အကျဆုံး များစွာရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ လောက်ကိုင်မှာတော့ မြို့ထဲကို ရှော့တိုက်ဒုံးနဲ့  ၇ လုံးပစ်ခတ်ခဲ့တာရှိပါတယ်။ လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တာရှိပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ ဖယ်ခုံဘက်မှာ ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ စစ်တွေ ပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။ လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။ ထရွှန်အိုင် ဘက်မှာတော့ Drop Bomb ချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ ကျွန်တော်တို့ ဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ပြည်ဖျက်မီဒီယာများအနေ နဲ့အနောက်နိုင်ငံအထောက်အပံ့ပေးထားတဲ့ မီဒီယာများအနေနဲ့ တရုတ်နဲ့မြန်မာ ဆက်ဆံရေးပိုမိုပျက်ပြားလာအောင် တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲအောင် လုပ်ဆောင် နေတာများရှိပါတယ်။ ဒီမူဆယ်မှာရှိတဲ့ ကျင်ဆန်းကျော့ဂိတ်နဲ့ ပတ်သက်ပြီး MNDAA , TNLA အကြမ်းဖက်သောင်းကျန်းသူတွေ Drop Bomb ချပြီးပစ်ခတ်တာကို တပ်မတော်က ပစ်ခတ်သယောင်မျိုးလုပ်ခဲ့တာကို အလုအယက် ချက်ချင်းထုတ်လွှင့် နေခဲ့တာတွေ့ရပါတယ်။ ဘယ်သူတွေလုပ်တယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေ သိပါတယ်။ ဘယ်သူတွေက မီးငြှိမ်းသတ်ပေးနေရတယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေရော ၊ သက်သေတွေရောရှိတယ်လို့ပြောချင်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ ကောလာဟလ သတင်းမျိုးစုံထုတ်လွှင့်မှာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ နိုင်ငံ တစ်နိုင်ငံမှာ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးက အရေးကြီးပါတယ်။ လူမူရေး ကဏ္ဍ ၊ စီးပွားရေး ကဏ္ဍ ၊ ကာကွယ်ရေး ကဏ္ဍတွေမှာ ကောလာဟလ သတင်းမျိုးစုံ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒါတွေဟာ ခုမှလုပ်တာမဟုတ်ပါဘူး။ ယခင်ကတည်းတိုင် ဗကပ ရဲ့နည်းလမ်းဟောင်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ၁၉၆၇ လောက်မှာ မြန်မာနိုင်ငံမှာ အရေးအခင်းတစ်ခုဖြစ်ခဲ့ဘူးတယ်။ အဲ့တာနဲ့ ပတ်သက်ပြီး တော့ကျ ဗကပ က အဲဒီတုန်းက ဥက္ကဋ္ဌ ဖြစ်နေတဲ့ ဗသိန်းတင်က အသံလွှင့်စကား တစ်ခု ပြောခဲ့ဘူးတယ်။ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ပေါ့။ ဒီမှာဆိုရင် သူတို့ရဲ့ နယ်မြေ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း တိုးတတ်လာပြီတို့  ၊ တစ်ပြည်လုံးရဲ့ ၆၀ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအင်အားတွေ ဖုံလွှမ်းနိုင်ပြီးဆိုတဲ့ ဟာမျိုးထုတ်လွှင့်ခဲ့ပါ တယ်။ ဒါ့အပြင်မနှစ်ကအောက်တိုဘာလမှာဆိုရင် ကျွန်တော်တို့တပ်တွေက ရန်ကုန် မှာရှိတဲ့ နေဝင်းရဲ့အိမ်နဲ့ နှစ်မိုင်လောက်ရှိတဲ့ လက်နက်ကိုင်ဌာနတစ်ခုကို ဝင်ရောက် စီးနင်းခဲ့တယ်။ နိဝင်ဘာလမှာ ရန်ကုန်မြို့ဆင်ခြေဖုံးက သမဝါယမ ဆိုင်တွေကို ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ပစ္စည်းတွေကို ပြည်သူလူထုကိုဝေခဲ့တယ် ဆိုပြီးတော့ ပြည်ပအသံလွှင့်ဌာနတစ်ခုကနေ ချိတ်ဆက်အသံလွှင့်ခဲ့တာမျိုး သူတို့ကိုယ်ပိုင် အသံ လွှင့်ဌာနကနေ ချိတ်ဆက်အသံလွှင့်ခဲ့တာမျိုးတွေထိ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအလုပ်မျိုးတွေကို ဒီနည်းလမ်းဟောင်းတွေအတိုင်းပဲ ဆက်လက်ကျင့်သုံးနေမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောနိုင်တာ၊ ပြောရမှာ၊ ပြောချင်တာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေ ၊ ရှေ့လုပ်ငန်းစဉ်တွေအတိုင်းပဲ ကျွန်တော်တို့ ဆက် လက် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ နိုင်ငံရေးမျှာ်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်တွေရှိပြီး ဖြစ်ပါတယ်။ ပြည်သူလူထုလိုလား တောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ မလွဲမသွေ ဆက်လက် လျှောက်လှမ်းမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ကျွန်တော်တို့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေမှအပ ကျွန်တော်တို့မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲဖို့ ၊ ရပ်တည်နိုင်ဖို့ အခြားသော နည်းလမ်းမရှိပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ ပြည်သူလူထုတစ်ရပ်လုံး ၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။