မြိတ်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်နှင့် မြန်မာစာအဖွဲ့တို့ကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုစစ်ဆေး

မြိတ်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်နှင့် မြန်မာစာအဖွဲ့တို့ကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၄

    ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည်    ယမန်နေ့က မြိတ်တက္ကသိုလ်၌ ကျင်းပသော  သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံ အစည်းအဝေးသို့ တက်ရောက်၍   အမှာစကားပြောကြားပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်နှင့် စာသင်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။ 

    ယင်းနောက် မြိတ်မြို့ အမှတ်(၁)နှင့် အမှတ်(၃)  အခြေခံပညာ အထက်တန်းကျောင်း၊ ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်း ကျောင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

    ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်စီးပွားရေး တက္ကသိုလ်သို့ရောက်ရှိပြီး Online စနစ်ဖြင့် ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) စနစ်ကို VIDEO ဖြင့် ရှင်းလင်းပြသမှုကိုကြည့်ရှုပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် စာကြည့်တိုက်တွင်    စာအုပ်မှတ်ပုံတင် စာရင်းသွင်းထားရှိမှု၊ စာငှားမှတ်တမ်းများ ထားရှိမှုနှင့် စာအုပ်များ စနစ်တကျထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

    ဆက်လက်၍   ဒုတိယဝန်ကြီးသည် ရန်ကုန်   နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် အင်္ဂလိပ်၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်ဘာသာရပ်များ သင်ယူလေ့လာနေသည့်   ကျောင်းသား၊ကျောင်းသူများကို   ကြည့်ရှုအားပေးသည်။

    ယင်းနောက် အားကစားခန်းမများတွင် ကျောင်းသား၊ ကျောင်းသူများ မြားပစ်နှင့် ကရာတေး အားကစားလေ့ကျင့်နေမှုနှင့် နိုင်ငံခြားသား မြန်မာစာလေ့လာ သင်ယူသူ      ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

    ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ  တိုင်းရင်းသား ဘာသာစကားဦးစီး ဌာနသို့ရောက်ရှိပြီး    မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။