မန္တလေးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများ စတင်ဖွင့်လှစ်၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

မန္တလေးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများ စတင်ဖွင့်လှစ်၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၄

    မန္တလေးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယမန်နေ့ကစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ဘွဲ့ကြို၊    ဘွဲ့လွန်သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး   သက်ဆိုင်ရာ ဘာသာရပ်အလိုက်   သင်တန်းများတွင် အေးချမ်းပျော်ရွှင်စွာ  တက်ရောက်ပညာ သင်ယူလျက်ရှိရာ  ထိုသို့  ပညာသင်ကြား၊ သင်ယူနေမှုကို   မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်   ဒုတိယပါမောက္ခချုပ်များက    လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် သင်တန်းရေးရာ ဌာနမှ သတင်းရရှိသည်။