​​​​​​​တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၇

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၈၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၀ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၄၇ ဦး၊ အရိုးရောဂါ ၁၃၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၂၁၂ ဦး နှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၀ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူကြသော ဒေသခံပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ ပေးဝေလှူဒါန်းသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

 

ဒေါ်နော်အဲလစ်

ဒူးတွေ၊ ခြေသလုံး၊ ခြေဖဝါးတွေကြင်ပြီးတော့ ကိုက်တာ၊ ပြီးတော့ ကျွန်မလမ်း လျှောက်လို့သိပ်အဆင်မပြေဘူးပေါ့။ လမ်းလျှောက်လို့အဆင်မပြေတာ ကျွန်မ ခနခနဖြစ် တယ်။ ဒီလိုပဲ ဆေးလေးသောက်ပြီးလာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀ ရက်နေ့ လောက်က တစ်ခေါက်ပြလိုက်တယ်။ ပြပြီးတော့ ဒီလိုပဲကိုက်နေတယ်ဆိုပြီးတော့ ကျွန်မ မပြဘဲနေနေ တာ။ အဲ့ဒါ ကျွန်မတို့ရဲ့ကလေးတွေ ဘုရားရှစ်ခိုးပြီးပြန်မယ်လုပ်တော့ ကူးတို့ကူးခါနီးကျ နယ်လှည့်ဆေးကုသအဖွဲ့လာတယ်ဆိုပြီး သိရပါတယ်။ အဲ့ဒါနဲ့ အမိုးက နင်ဒီလောက်ဖြစ် နေတာသွားပြလိုက်ပါတဲ့ဆိုတော့ ကျွန်မလည်းထွက်တာဖြစ်ပါတယ်။ အခုလို လာရောက် ကုသပေးတဲ့အတွက် ကျွန်မဝမ်းလည်းသာပါတယ်။ တောရွာတွေဆိုတော့ တော်ရုံတန်ရုံ မသွားနိုင်တဲ့သူတွေလည်းအဆင်ပြေတယ်။ ဒီမှာ ပရဟိတလာကုပေးတဲ့အတွက်လည်း ကျွန်မတို့ကလာပြဖြစ်တယ်။ ဆေးရုံဆေးခန်းရှိလည်း တော်ရုံတန်ရုံဆို မသွားကြ၊ မလာကြတဲ့သူ တွေလည်းရှိတယ်။ ကုသပေးတဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ကို အများ ကြီးကျေးဇူးတင်ပါတယ်။ လူထုကျန်းမာရေးအတွက်ဝိုင်းဝန်းစောင့်ရှောက်ပေးတဲ့အတွက် လည်း တပ်မတော်ကြီးနှင့်တကွ ဆရာဝန်များ၊ ဆရာ၊ ဆရာမများနဲ့ ပရဟိတအဖွဲ့များကို လည်းအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်။