၃၀-၁၁-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

၃၀-၁၁-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
 

နေပြည်တော်၊  နိုဝင်ဘာ  ၃၀

မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အနေနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(တပ်မတော်ရေ)က အရာရှိ၊ စစ်သည်များအနေနဲ့ ဒီနေ့ မြန်မာနိုင်ငံက စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့် ခန်း စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား အမျိုးသား ၁၈၂ ဦး၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၂၁၂ ဦးကို တရုတ်နိုင်ငံဘက်ကတာဝန်ရှိသူများထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ စုစုပေါင်း ဒီနေ့ အထိ ၁၀၃၈၂ ဦးရှိပြီးဖြစ်ပါတယ်။ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး၊  တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း ပြောချင်တယ်။

နောက်တစ်ခုက ကောလဟလသတင်းတွေဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံအားကိုး မီးဒီယာများအနေနဲ့ နိုင်ငံအတွင်း မှာဖြစ်ပေါ်နေတဲ့အခြေအနေပေါ်တွေမှာ ကောလဟလတွေမျိုးစုံထုတ်လွှင့်နေ တာရှိပါတယ်။ အင်းစိန်မှာရှိတဲ့ ဦးပိုင် ပိုင်ဆိုင်တဲ့ကားဝင်းကို Drop Bomb ချခဲ့ တယ်။ ပြီးရင်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ မဟုတ်မမှန်သတင်းထုတ် လွှင့်နေတာဖြစ်ပါတယ်။ ဒီသတင်းသည် သတင်းမှားဘဲဖြစ်ပါတယ်။ နောက်တစ် ခုက စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲ နေတယ်။ တပ်ဘက်ကနေ ဘယ်လောက်ကျဆုံးတယ်ဆိုတာမျိုးတွေထုတ်လွှင့်နေတာရှိ ပါတယ်။ အာ့သတင်းထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးဘဲဖြစ်ပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာဘယ်လောက်အထိ KIA PDF အဖွဲ့များသေဆုံး ဒဏ်ရာရခဲ့ တယ်ဆိုတာ သူတို့အသိဆုံးဘဲဖြစ်ပါတယ်။ နောက်တစ်ခုက ကျောက်မဲမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ အဝေးပြေးလမ်းမမှာရှိတဲ့ Toll Gate အနီး တစ်ဝိုက်မှာ ထိတွေ့ တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အာ့မှာတော့ TNLA MNDAA ပူးပေါင်း အဖွဲ့က ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ ဒေသခံတွေ အနေနဲ့ အဲဒီဖြစ် စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကိုပြန်လာတဲ့အခါ မှာ အပုပ်နံ့တွေရ လို့ လိုက်လံရှိဖွေတဲ့အခါမှာ တရုတ်သင်္ချိုင်းအနီးမှာရှိတဲ့ သေဆုံးနေတဲ့ TNLA KIA MNDAA PDF တံဆိပ်ပါတဲ့ အလောင်းပေါင်း မြောက် များစွာ တွေ့ရှိခဲ့ရပါ တယ်။ မြို့နယ်လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့များပူးပေါင်းရှင်း လင်းခဲ့ရပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင်အဆင်းလမ်းမှာလည်း ဒီအတိုင်း ပစ်ချခဲ့တဲ့ အခုန အဖွဲ့ တွေရဲ့ ယူနီဖောင်းပါတဲ့အလောင်းတွေတွေ့ခဲ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းလင်းရေးဆောင်ရွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ပြည်ပမှာ နေထိုင်နေတဲ့ တိုင်းဖျက် ပြည်ဖျက်ဆန့်ကျင်ရေး သမားတွေ၊ ပြည်ပကနေပြီးအသံ ကောင်းဟစ်နေတဲ့ တိုင်းဖျက် ပြည်ဖျက် အနောက်အားကိုး မီဒီယာများရဲ့မြှောက်ပင့်မှု၊ ကောလဟလတွေကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သေဆုံးရတဲ့သူမနည်းပါဘူး။ ကျွန်တော်ပြော ခဲ့သလိုပါဘဲ။ ဒီသေဆုံးရတဲ့သူ တွေဟာ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ တပ်မတော်ဘက်ကဘဲကျဆုံး သည်ဖြစ်စေ၊ ရန်သူဘက်ကသေဆုံးသည်ဖြစ်စေ။ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီး ကတည်းကတိုင်း ပြည်တွင်း သောင်းကျန်းမှုနဲ့ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုး သင့်သလောက်မဖွံ့ဖြိုးခဲ့ရပါဘူး။ ခုအချိန်မှာလည်း ဒီဝဲဂယက်ထဲမှာဘဲ ရှိနေတာ ကိုတွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ယခင်ကတည်းက ကျွန်တော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့အနောက်နိုင်ငံ  တွေက ဦးစီးပြီး လုပ်ဆောင်နေတာဖြစ်ပါ တယ်။ အခုချိန်မှာလည်း သူတို့ဘဲဦးစီး ပြီးလုပ်ဆောင် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူ လူထုတစ်ရပ်လုံးက သတိရှိရမှာဖြစ်ပါ တယ်။ ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနေနဲ့က တော့ နန့်ခမ်း၊ ၁၀၅ မိုင် မူဆယ်၊ တာမိုးညှဲဘက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွား မှုရှိပါတယ်။ တာမိုးညှဲနဲ့နန့် ခမ်းမှာတော့ရန်သူထိခိုက်ကျဆုံးမှုများပြားတယ်ဆိုတာသိရပါတယ်။

ကယားပြည်နယ်ဘက်မှာတော့ လွိုင်ကော်က အထက ကျောင်းအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တော့ ပေါက်တော အထက်တန်းကျောင်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါ တယ်။ ဒီရန်သူအနေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက် တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

တပ်မတော်ကတိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကိုပစ်ခတ်တယ်၊ ဆေးရုံကိုပစ် ခတ်တယ်ဆိုတဲ့ ကောလဟလ သတင်းတွေ၊ မဟုတ်မမှန် သတင်းတွေ၊ လုပ်ကြံ သတင်းတွေဖန်တီး ပြီးဆောင်ရွက် နေတာဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာအခြေ အနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့ အနေနဲ့ အရပ်ဘက်အဆောက်အအုံ တစ်ခုလို့သတ်မှတ်ထားတဲ့ နေရာ၊ ဒီသတ် မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ် မပစ်မခတ်မခြင်း အရပ်ဘက် အဆောက်အအုံပါဘဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာ ရင်တော့ဒါစစ်ဘက် ဆိုင်ရာ အဆောက်အအုံအဖြစ်ပြောင်းလဲသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြား လိုပါ တယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။