မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ကြည့်ရှုအားပေး

 

မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ကြည့်ရှုအားပေး

 

နေပြည်တော်  ဒီဇင်ဘာ  ၂

    ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများသည်  ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ပြည်သူ့ ဆေးရုံကြီး၌ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေးတို့  ပူးပေါင်းဆောင်ရွက်နေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ် ကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး ခွဲစိတ်ကုသမှု ခံယူမည့် လူနာများအား အာဟာရနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

    အဆိုပါခွဲစိတ်ကုသမှုကို ဒီဇင်ဘာလ ၁ ရက်မှ  ၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး လူနာ၂၉ ဦးကို မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသမှု ပေးလျက်ရှိကာ ကျန်ရှိလူနာ ၁၁ ဦးကို  သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်   မန္တလေးမြို့၌  ခွဲစိတ်ကုသမှုများ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။