ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”၏ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

 

ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”၏ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

 

ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)  “မိကျောင်း” (MICHAUNG) အခြေအနေ

    ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း  (Cyclonic Storm) “မိကျောင်း”( MICHAUNG)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး  မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်၆၇၅ မိုင်ခန့်  ဟိုင်းကြီးကျွန်းမြို့(Hainggyigyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၆၀ မိုင်ခန့်  အိန္ဒိယနိုင်ငံ ပူဒူချယ်ရီမြို့(Puducherry) ၏ အရှေ့ဘက် ရေမိုင် ၁၃၀ မိုင်ခန့် ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်၊ နီလိုရီမြို့(Nellore)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့(Machilipatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။

 ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

(ခ)     ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း         အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) သည်  ညနေ ၅  နာရီခွဲအချိန်တွင် မြောက်လတ္တီကျူ ၁၁ ဒသမ ၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ ၈၂ ဒသမ ၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟတ်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့်ဖြစ်ပါသည်။

(ဂ)     နောက် (၆၀)နာရီအတွင်း ခန့်မှန်းချက်

          အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ မိကျောင်း”  (MICHAUNG)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၄-၁၂-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊  အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေနှင့်အပြိုင် မြောက်ယွန်းယွန်းသို့ ရွေ့လျားကာ ၅-၁၂-၂၀၂၃ ရက်နေ့တွင် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အကြံပြုချက်

          သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG)၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)