ကျောက်ပန်းတောင်းမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် မင်းဘူးမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများကို ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ကြည့်ရှုစစ်ဆေး

 

ကျောက်ပန်းတောင်းမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် မင်းဘူးမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများကို ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ  ၄

    ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံနှင့် လက်ပံပြားတိုက်နယ် ဆေးရုံတို့သို့ ရောက်ရှိပြီး လူနာများအား အားပေးစကား ပြောကြားကာ စမ်းသပ်ကြည့်ရှု၍ ဆေးကုသမှုဆိုင်ရာ အကြံပြုပြီး ဆေးရုံအတွင်း၊ အပြင်လှည့် လည်ကြည့်ရှုကာ မြို့နယ်ကုသရေး ဦးစီးဌာနမှူး၊  တိုက်နယ်ဆရာဝန်၊  သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

    ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးနှင့်အတူ မကွေးတိုင်းဒေသကြီး ချောက်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပြီး လူနာဆောင်များ၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာနများသို့ လှည့်လည်ကြည့်ရှုကာ လူနာများအား ကြည့်ရှုကုသပေးပြီး    အာဟာရပြည့် လက်ဆောင်များ ပေးအပ်သည်။

    ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ် ဂွေးပင်ကျေးလက် ကျန်းမာရေးဌာန၊ ဂွေးချိုကျေးလက်ကျန်းမာရေးဌာန၊ ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးတို့သို့  ရောက်ရှိကာ သက်ဆိုင်ရာဆေးရုံများမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်  တွေ့ဆုံ၍ ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ပြီး လူနာဆောင်များ၊ အထောက်အကူပြု ဌာနများကို  လှည့်လည် ကြည့်ရှုခဲ့သည်။