ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ခုနစ်ဦး တွေ့ရှိ

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ခုနစ်ဦး တွေ့ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၄

    ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ ၂၆-၁၁-၂၀၂၃  ရက်   ည ၈ နာရီမှ ၃-၁၂-၂၀၂၃ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း   ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃၆၅၀ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ    ဓာတ်ခွဲအတည်ပြုလူနာသစ် ခုနစ်ဦး တွေ့ရှိရသည်။

ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ   သုည ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်း အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏   အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။               

 ကျန်းမာရေးဝန်ကြီးဌာန