၆-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

၆-၁၂-၂၀၂၃ ရက်နေ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် ၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံမှု ရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နယ်စပ် ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေများ၊

၆-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
 

ကျွန်တော်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံမှုရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၇၇ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  တာဝန်ရှိသူများထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၁၁၂၆၀ ဦးဖြစ်ပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားချင်ပါတယ်။

ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နန့်ခမ်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ လောက်ကိုင်ရဲ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ခမ်းပါတ်၊ ခမ်းပါတ်ကတော့ ယခင်ကလည်း သတင်းထုတ်ပြန်ခဲ့တဲ့အထဲမှာပါ ပါတယ်။ အဲဒီမှာရှိနေတဲ့ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ခမ်းပါတ်မြို့ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ဟာမျိုးပြောခဲ့တာရှိပါတယ်။ ခမ်းပါတ်မှာတော့ တပ်မတော်အနေနဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရန်သူ့ဘက်က အလောင်းလက်နက်ရရှိမှုများရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ နုန်းဘူးမှာထိတွေ့တိုက်ပွဲအနည်းငယ်ရှိပါတယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်သောင်း ကျန်းသူများ ဆောင်ရွက်နေတဲ့ အကြမ်းဖက်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့် စေရေး၊ အကြမ်းဖက်လုပ်ရပ်များနဲ့ပတ်သတ်ပြီ းအမြန်ဆုံးချုပ်ငြိမ်းစေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်။

မနေ့က ဗဟိုဘဏ်ကထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားငွေ၊ သုံးငွေရောင်းဝယ် ဖောက်ကားတဲ့လုပ်ငန်း AD လိုင်စင်ရဘဏ်များမှာ အရောင်းအဝယ်ပြုလုပ် ရာမှာ ငွေလဲလှယ်နှုန်းကို ယခင်ကလို ဗဟိုဘဏ်က သတ်မှတ်မှာမဟုတ်ဘဲ ဈေးကွက်အတွင်းမှာ နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေရဲ့ငွေ လဲလှယ်နှုန်းအပေါ် မူတည်ပြီး Market Rate အတိုင်းဆောင်ရွက်မယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ရှိပါတယ်။ ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သတ်ပြီးပဲ ဖြစ်ဖြစ်၊ ဆီကိစ္စတွေနဲ့ပတ်သတ်ပြီးပဲဖြစ်ဖြစ် မီဒီယာများက မေးမြန်းလာတာ တွေရှိပါတယ်။ ဒါနဲ့ပတ်သတ် ပြီး ယခင်တုန်းကလည်း ဖြေလျှော့တဲ့အချိန်တိုင်း အချိန်တိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။

အခုအချိန်မှာ ဖြေလျှော့မှုက နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောကြားခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၊ ပြီးရင် Cabinet နိုင်ငံတော်အစိုးရရဲ့အစည်းအဝေးတွေမှာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ Export သမားတွေနဲ့ပတ်သတ်တဲ့ဟာတွေ၊ နိုင်ငံတော်ရဲ့ထုတ်ကုန်တိုးမြှင့်ရေးနဲ့ပတ်သတ်တဲ့ဟာတွေပြောကြားခဲ့ပြီးဖြစ်တယ်။ Export သမားတွေနဲ့ပတ်သတ်ပြီး သူတို့ရဲ့ကြိုးစားမှု၊ သူတို့ရဲ့လုပ်ဆောင်ပေးမှုအပေါ်မူတည်ပြီး ကျွန်တော်တို့အနေနဲ့ အကျိုးခံစားခွင့်ရရှိအောင်လုပ်ဆောင်တယ်ဆိုတာမျိုး ပြောကြားခဲ့တာရှိပါတယ်။ ဒီနေ့မှာလည်း ပို့ကုန်တင်ပို့သူများရဲ့ ပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန်ရငွေရဲ့ ယခင်တုန်းက စစချင်းမှာတော့ ၃၅/၆၅ ရာခိုင်နှုန်းပေါ့။ ပြီးတော့ ၅၀/၅၀ ရာခိုင်နှုန်းသတ်မှတ်လိုက်တယ်။ ဒီနေ့မှာတော့ ပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားထားတဲ့အတိုင်း  မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက  နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့ အတိုင်းထပ်မံပြီးဖြေလျှော့ပေးတာဖြစ်ပါတယ်။ အဲဒီမှာ ဖြေလျှော့မှုနှစ်ခုလုပ်ခဲ့ပါတယ်။ ဖြေလျှော့မှုနှစ်ခုကတော့ မနေ့က ထုတ်ပြန်ခဲ့တဲ့ AD လိုင်စင်ရဘဏ်များရဲ့နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီးတော့ ရောင်းလိုသူ/ဝယ်လိုသူတွေရဲ့တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ်မှာမူတည်ပြီး လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့ ထုတ်ပြန်ခဲ့တယ်။ ဒီနေ့မှာတော့ ပို့ကုန်တင်ပို့သူများအတွက် ပို့ကုန်ရငွေရဲ့ပမာဏ ယခင်တုန်းက ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားတဲ့ မြန်မာကျပ်ငွေနဲ့လဲရပြီး အခု ၃၅ ရာခိုင် နှုန်းသာလဲရမှာဖြစ်ပါတယ်။ ကျန်ရာခိုင်နှုန်းကို လွတ်လပ်စွာဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မီဒီယာများကလည်းမေးပါတယ်။ ဒါတွေဟာ ဘာကြောင့်လုပ်တာလဲ။

နံပါတ်တစ်ဆောင်ရွက်ရတဲ့ အကြောင်းကတော့ ဖြေလျှော့ခြင်းဖြစ်ပါတယ်။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုကို နံပါတ်တစ်အားပေးရမယ်။ နံပါတ်နှစ်က ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာရမယ်။ ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာဖို့ ပြီးရင် ထုတ်ကုန်ပစ္စည်းများပို့ကုန်တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများ ကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက် သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှုအနည်းငယ်ရှိပါလိမ့်မယ်။

အထင်ရှားဆုံးပြောရလျှင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီတင်သွင်းရမယ့်လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက်ရောက်ရှိနေတဲ့ သင်္ဘောများလည်းရှိပြီးဖြစ်ပါတယ်။ သို့သော် ဒီမူဝါဒအပြောင်းအလဲကို ဆောင်ရွက်တဲ့အချိန်မှာတော့ ခုနကပြောတဲ့ Export ပို့တဲ့လူတွေကနေ ပြန်ဝင်လာမယ့် ငွေတွေ၊ ပြီးရင် ပြည်ပထွက်တဲ့အလုပ်သမား တွေဆီကပြန်ဝင်လာမယ့်ငွေတွေ၊ တရားမဝင်ဟွန်ဒီလုပ်ငန်းတွေဆောင်ရွက်ထားတဲ့ငွေများသည် incentive ရှိတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်ရှိတဲ့အတွက် ပိုမိုဝင်ရောက်လာမှာဖြစ်ပါတယ်။ ပိုမိုဝင်ရောက်လာတာတဲ့အမျှ ဈေးကွက်လည်းသူ့အလိုလိုထိန်းညှိပြီးဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ သတင်းကောင်းပါးလိုပါတယ်။

အားလုံးကိုကျေးဇူး တင်ပါတယ်။