မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ပထမနေ့၏ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား

 

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ပထမနေ့၏ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား

 

နေပြည်တော်  ဒီဇင်ဘာ  ၆

    မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ပထမနေ့ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပရာ  ပညာရှင်များ ဝိုင်းဖွဲ့ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)သည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ   နှီးနှောဖလှယ်ပွဲဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ စုစုပေါင်း ကော်မတီ(၁၂)ရပ် ဖွဲ့စည်း၍ နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့်  လူတိုင်းရောဂါဘယ ကင်းရှင်းရေးအတွက် ရည်ရွယ် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကျန်းမာရေး ကဏ္ဍသည် အဓိကအရေးကြီးသော အခန်း ကဏ္ဍဖြစ်ကြောင်း၊ ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များနှင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ ပြင်သစ်နိုင်ငံ အစရှိသည့် နိုင်ငံများမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၂၄ ဦးတို့က အတွေ့အကြုံကောင်းများ၊ အောင်မြင်မှုများ၊ နည်းလမ်းသစ်များကို မျှဝေသွားမည်ဖြစ်ကြောင်း၊ မိမိတို့၏နေရာ ဒေသနှင့်  လိုက်လျောညီထွေဖြစ်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု နည်းလမ်းကောင်းများကို ဖော်ထုတ်၍ နှီးနွှယ်ဆက်စပ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးသည့် အစီအစဉ်တွင် မျိုးဆက်ပွား၊ မိခင်နှင့်မွေးကင်းစ ကလေးသူငယ်၊ ပျိုရွယ်သူ နှင့် သက်ကြီးရွယ်အို ကျန်းမာရေး တိုးတက် မှုအတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းခေါင်းစဉ်တွင် သဘာပတိများအဖြစ် ဒေါက်တာသိန်းသိန်းဌေး၊ ဒုတိယဝန်ကြီး (အငြိမ်းစား)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တွဲဖက်သဘာပတိ ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့က ဆောင်ရွက်ပြီး ထိုင်းနိုင်ငံမှ  Dr.Kittipong Saejeng , Medical Doctor , Ministry of Public Health ၊ မလေးရှားနိုင်ငံမှ Dr. Narimah Awun , Formerly Regional Advisor , WHO-SEARO ၊ အိန္ဒိယနိုင်ငံမှ Dr. Rajejsh Mehta , Formerly Regional Advisor , WHO-SEARO၊ သီရိလင်္ကာနိုင်ငံမှ Dr.Anoma Basnayake, Public Health Specialist and International Consultant , WHO  နှင့် တရုတ်နိုင်ငံမှ Dr. Jin Xuç Assistant Professor , Peking University.Professor Lokumeegodage DJU Senarath, University of Colombo တို့က တက်ရောက်ဆွေးနွေးကြပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)မှ Dr.Chandra Mouli, Previously with Department of Sexual & Reproductive Health & Research u Virtual  စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့သည်။

နံနက်ပိုင်းတွင် အခန်း(၁)၌ မိခင်နှင့် ကလေးကျန်းမာရေး ကဏ္ဍတွင်  Saving lives of mothers and children: Syner-gistic approaches for sustaining Achievements and Accelerating Progress to RMNCAH related SDGs and go beyond SDGs ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ   သဘာပတိအဖြစ် ပါမောက္ခ  ဒေါက်တာဖေသက်ခင်၊ ပြည် ထောင်စုဝန်ကြီး(အငြိမ်းစား)၊ ကျန်းမာရေးဝန်ကြီးဌာနကဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့ကျန်းမာရေး ပညာရှင် Dr.Huang Yangmu , Professor and Vice Director , Peking University ၊ စင်ကာပူနိုင်ငံမှ Dr.Chan Xuan Haoç Technical Advisor to CHAI and UNICEF (eLMIS) တို့နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ငါးဦးတို့က လည်းကောင်း၊ အခန်း(၂)တွင် ပါမောက္ခ ဒေါက်တာနေဝင်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ Take actions: All hands for NCD prevention  and  control   SDGs ခေါင်းစဉ်ဖြင့် ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ဒေါက်တာကိုကို၊  ပါမောက္ခ/ဌာနမှူး(နှလုံးကုသမှု) ဒေါက်တာနွယ်နွယ်နှင့် ပြည်သူ့ကျန်းမာရေး ပညာရှင်နှစ်ဦးက တက်ရောက် ဆွေးနွေးကြပြီး ရုရှားနိုင်ငံမှ Professor Ksenia Shelek-hova , MDç PhD - head of pathology department Napalkobov Cancer center က  Virtual စနစ်ဖြင့်ဆွေးနွေးခဲ့ကြသည်။

အခန်း (၃) တွင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သဘာပတိ အဖြစ်ဆောင်ရွက်သည့်   သဘာဝဘေးအန္တရာယ် ကျရောက်စဉ်ကာလတွင် ကျန်းမာရေးကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ Good practice on health sector preparedness, response and recovery to disasters maintaining essential Public Health Services ခေါင်းစဉ်ဖြင့် ပြည်တွင်းမှပြည်သူ့ ကျန်းမာရေး ပညာရှင်ငါးဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် အခန်း(၄)ခန်းခွဲ၍ အခန်း(၁)တွင် Digital Transformation in health information and health care  ခေါင်းစဉ်ဖြင့်   ဟောပြောဆွေးနွေးမှုကို ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့သည်။ အခန်း (၂)တွင် ပါမောက္ခဒေါက်တာ နွဲ့နွဲ့ဦး၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနက သဘာပတိအဖြစ် ဆောင်ရွက်သည့် ဆွေးနွေးခန်းတွင် ပြည်သူ့ကျန်းမာရေး ပညာရပ်  သင်ကြားရေးနှင့် ပတ်သက်၍ Empowering Public Health Education: Essential for addressing 21st century community challenges through academic institutions ခေါင်းစဉ်ဖြင့် ပညာရှင်လေးဦးက ဟောပြောဆွေးနွေးခဲ့သည်။

အခန်း(၃)တွင် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေး ဦးစီးဌာနက သဘာပတိအဖြစ် ဆောင်ရွက်သည့် ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်သည့် Achieving the SDG 3.3: Bringing innovations to communicable diseases control and elimination ခေါင်းစဉ်ဖြင့် Ms. Li Jiayin , Coordinator of Health Poverty Action , Myanmar ၊ Mr. Roberto Garcia Saez , CEOç Sorbonne University  နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင် သုံးဦးတို့က အသီးသီးဆွေးနွေးခဲ့ကြသည်။

အခန်း (၄) တွင် ဒေါက်တာတင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက သဘာပတိ အဖြစ်ဆောင်ရွက်သည့် ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကင်းစင်ရေးနှင့် ပတ်သက်၍ Road map on Maintaining Polio-free status and achieving Measles and Rubella elimination  ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင်ငါးဦးက ဆွေးနွေးခဲ့သည်။

နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ရုရှား၊ ဆွစ်ဇာလန် အစရှိသည့်နိုင်ငံများမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၁၁ ဦးနှင့် ပြည်တွင်းမှ ပညာရှင် ၂၆ ဦးက စာတမ်း ၃၇ စောင် ဟောပြောဆွေးနွေးခဲ့ပြီး ပြခန်း ၄၀ ခုတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဌာနဆိုင်ရာ အသီးသီးမှ  ပြည်သူ့ ကျန်းမာရေး ပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြသ၍ ပညာရပ်ဆိုင်ရာ စာတမ်းပိုစတာ ၂၇ စောင်တင်သွင်းခဲ့ကာ ပြည်တွင်း၊ ပြည်ပမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၁၈၀၀ ခန့်တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာ ဖလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။