စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာ အနီး၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

နေပြည်တော် ၊  သြဂုတ် - ၁၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင် ကျေးရွာနေ ဦးစိုးနိုင်(ဘ) ဦးညိုမောင်သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာ၌ ထုံးကျောက် တူးဖော်ရန်အတွက် မြေတူးဖော်နေစဉ်  ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရှည် ၂ ပေ၊ လုံးပတ် ၅ ပေခွဲခန့်ရှိ ဗုံးသီးဟောင်း တစ်လုံးကို တွေ့ရှိ သိမ်းဆည်းခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းကို နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။