နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး 

နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါ လာသည့် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး ထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်း များ၊ လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ အတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ် ရာ ပစ္စည်းများကိုလှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးက အမှန်တကယ် လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေ အနေများကို ပြန်လည်မိန့်ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ များသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရနှင့် တပ်မတော်မှ လို အပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် အားပေးစကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ က လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှ  ပြန်လည်ထွက်ခွာ ကြရာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများက လက်ဝှေ့ယမ်းပြ နှုတ်ဆက်ခဲ့ကြ သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြပြီး တိုင်းစစ် ဌာနချုပ် ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီးတို့က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀၀ ကိုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ မိသားစုဝင်များက လက်ခံရယူကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်း များ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိကြောင်း၊ လက်ရှိအချိန် အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက်ရှိ ကြောင်းသိရှိရပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များအဆင်ပြေစေရန်   အစိုးရ၊ တပ်မတော်တို့မှ ဦးဆောင်၍ လိုအပ် သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ နေရပ်များတွင် အေးချမ်း စွာဖြင့် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး နယ်မြေဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ  ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ ကြုံတွေ့ခဲ့ရမှုများနှင့် ယခုကဲ့သို့ လိုအပ်သည်များ လာရောက်ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားများ ကို ယခုလိုပဲကြားသိရပါတယ်-

၁။     ကျွန်မတို့ကအခုအချိန်မှာ မာန်ဆူဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတဲ့ အတွက်ကြောင့် ကျွန်မတို့မှာဒုက္ခအများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မသမာသူ တွေကြောင့် ကျွန်မတို့မှာ အိမ်တွေအိုးတွေ ပျက်ဆီးခဲ့ရတဲ့အတွက်ကြောင့် ကျွန်မတို့ မှာ ဒုက္ခအများကြီးရောက်တာကို မာန်ဆူဆရာတော်ဘုရားကြီးကနေ ကူညီမစတဲ့ အတွက်ကြောင့် ကျွန်မတို့မှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေရပါတယ်။ အခုလိုကျွန်မတို့ကို အိုးပျက်အိမ်ပျက်တွေရှိတဲ့ မသမာသူလူတစ်စုကိုလည်း ရှုံ့ချပါတယ်။ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌကြီးလာတဲ့အတွက် ကျွန်မတို့မှာ ပိုပြီးဝမ်းသာရပါတယ်။ သူအခုလိုကျွန်မတို့စီကို လာပေးတာ ကိုလည်း အထူးကျေဇူးတင်ပါတယ်။ နောက်ထပ်လဲ ဒီလိုဘဝမျိုးမတွေ့အောင် ကျွန်မတို့ အမြဲတမ်းဆုတောင်းနေပါမယ်။

၂။     ကျွန်မတို့ ဒီလိုဘဝမျိုးတစ်ခါမှာ မကြုံခဲ့ဖူးပါဘူး။ အခုလိုအုပ်ချုပ်ရေးအဖွဲ့ အစည်းတွေနဲ့ နိုင်ငံတော်ကဦးစီးအဖွဲ့အစည်းတွေက ကျွန်မတို့ကို အခုလိုမျိုး ကူညီပံ့ပိုးလို့ အခုလိုမျိုးမာန်ဆူဘုန်းကြီးကျောင်းမှာ  နေ့ခဲ့ရပါတယ်။ နောက်ကို လည်းဒီလိုမျိုးမဖြစ်အောင်လို့ ကျွန်မတို့အမြဲတမ်းဆုတောင်းနေပါတယ်။ ဒီလိုမျိုး တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေလည်းမရှိပါစေနဲ့၊  ကျွန်မတို့လို အိုးပစ် အိမ်ပစ်တွေ၊ သားသမီးပစ်တွေနဲ့လည်း ပစ်ထားခဲ့ရပါတယ်။ ကျွန်မတို့မှာ စီးပွားရေးတွေ အကုန် လုံးလည်း ပျက်ဆီးခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီလိုမျိုးဖျက်ဆီး ယိုယွင်းတဲ့သူတွေ ကိုလည်း ဘယ်လိုမှထောက်ခံလို့မရပါဘူး။

၃။     မိသားစုတွေအိုးမဲ့အိမ်မဲ့လိုဖြစ်နေပြီးတော့မှ မာန်ဆူကြေးဘုရား ဘုန်းကြီး ကျောင်းမှာ ရောက်ခဲ့ရပါတယ်။ အဲ့ကနေပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ် လာပြီးတော့မှ အစစအရာရာပြည့်စုံအောင်လုပ်ပေးပါတယ်။ မိသားစုတွေအကုန်လုံး အဆင်ပြေအောင်လုပ်ပေးမယ်လို့လဲ သူလုပ်ပေးမယ်လို့လဲ အကုန်လုံးက အာမခံ ပေးသွားပါတယ်။ ကျွန်တော်တို့အကုန်လုံးအစစအရာရာလည်း ဝေရာဝစ္စ အကုန်လုံး ပြည့်စုံအောင်လုပ်ပေးသွားပါတယ်။ အကုန်လုံးလာလှူတဲ့အတွက်ရော ကျွန်တော် တို့ ပြည်သူလူထုကို စောင့်ရှောက်ပေးတဲ့ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ပါတယ်။

၄။ ဒီကနေ့ကျွန်တော်တို့ အိမ်နေလူတွေ ဒီကိုတည်းခိုပြီးတော့ စစ်ဘေးရှောင်လာ တာ နိုင်ငံတော်အကြီးအကဲတွေ၊ ဒီကတာဝန်ရှိတဲ့ လာရှိုးမြို့ကုန်းမှာ လူကြီးမိဘတွေ လာပြီးတော့ကျွန်တော်တို့ကိုကူညီပေးတာတော့ အများကြီးကိုကျေးဇူးတင်ပါတယ်။