မွန်ပြည်နယ်အတွင်း မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၂

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ တင်ပြချက်များ အပေါ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
    
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား  အပူချိန် တိုင်းတာခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊ အန်ထရာ ဆောင်းရိုက်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး စာကြည့်မျက်မှန်များ တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။