ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်သုံးဦး တွေ့ရှိ

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်သုံးဦး တွေ့ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၁

ကျန်းမာရေးဝန်ကြီးဌာနသည်   ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၃-၁၂-၂၀၂၃ ရက် ည ၈ နာရီမှ ၁၀-၁၂-၂၀၂၃ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၆၂၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်သုံးဦး တွေ့ရှိရသည်။ ထို့ကြောင့်  ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန