၂၀၂၂  ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနား MRTVနှင့် MWD မှ တိုက်ရိုက် ထုတ်လွှင့်မည်

 

၂၀၂၂  ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနား MRTVနှင့် MWD မှ တိုက်ရိုက် ထုတ်လွှင့်မည်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၂

    ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊  အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်(ယနေ့)နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန -၂၊ MICC -2 ၌ ကျင်းပမည်ဖြစ်သည်။

 အဆိုပါ ဆုနှင်းသဘင် အခမ်းအနားကို  ယင်းနေ့ နံနက် ၉ နာရီ မိနစ် ၂၀ မှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  MRTV HD Channel ၊ MRTV News Channel ၊  MWD  HD Channel ၊ MWD Variety HD Channel ၊ MITV ၊ MOI Website ၊ MOI Youtube ၊ မြန်မာ့အသံရေဒီယိုနှင့်  MRTV App:  အပါအဝင် Online တို့မှလည်း  တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။