၁၃-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

၁၃-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၃

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ်၊ သင်္ကန်း ညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီးခြင်း နှင့်ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီးရထားအား ရီမုမိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ပြည်သူလူထုလူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်ခဲ့မှု၊ ၁၃-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မနက် ၆ နာရီ ၁၅ မိနစ်အချိန်လောက်မှာ KNLA ၊ PDF အကြမ်းဖက်သောင်း ကျန်းသူတွေက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံမှာရှိတဲ့ ဓာတ်အားခွဲရုံသုံး ပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာရှိပါတယ်။ အဲဒါကြောင့် သင်္ကန်းညီနောင်-မြဝတီဘက်မှာတော့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးစဉ်းစားကြည့်ရင် လျှပ်စစ်ဓာတ်အားဆိုတာက အဲဒီဒေသမှာရှိတဲ့ ပြည်သူ လူထုကသုံးစွဲတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဒဏ်ကို ပြည်သူလူထုဘဲ ခံရတာဖြစ်ပါတယ်။ သောင်းကျန်းသူတွေအနေနဲ့ကတော့ ဒါတွေကိုထည့်တွက်မှာမဟုတ် ပါဘူး။ သူတို့ရဲ့လိုလားချက်က သူတို့ရဲ့ဘဏ္ဍာငွေရရှိရေး၊ အကြောက်တရားနဲ့ခြိမ်းခြောက် ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်စီးစေရေး ဒါတွေကိုဘဲ သူတို့ဆောင်ရွက်မှာဖြစ်ပါ တယ်။ လျှပ်စစ်ဓာတ်အားဆိုတာက ဘယ်အစိုးရဘဲတက်တက် ပြည်သူတွေသုံးစွဲတာဘဲ ဖြစ်တယ်။ ပြည်သူတွေအတွက် အစိုးရအဆက်ဆက်က လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ပြောရမယ်ဆိုရင် အဲဒီဒေသတွေမှာ KNLA ၊ KNU အကြမ်းဖက်သောင်းကျန်းသူ တွေရဲ့ အမျိုးအဆွေတွေပါ အဲဒီမြို့နယ်တွေမှာနေတာဘဲဖြစ်ပါတယ်။ သူတို့ဘဲသုံးစွဲနေတာ ဖြစ်ပါတယ်။ သူတို့လည်းသုံးစွဲနေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖျက်စီးခဲ့တဲ့ဖြစ်စဉ်ပေါင်း မြောက်များစွာရှိပါပြီ။ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲတာတွေ၊ ဓာတ်အား ခွဲရုံတွေကို ဖျက်ဆီးတာတွေ၊ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီး လို အပ်ချက်ရှိနေတဲ့ကြားမှာ ဒီလိုဆောင်ရွက်တဲ့ကိစ္စတွေက ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရမယ့် လုပ်ငန်းတွေဖြစ်ကြောင်း ပြောလိုပါတယ်။

ဒီလိုပါဘဲ ဒီအဖွဲ့ပါဘဲ KNLA ၊ KNU ၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ ကျောက်တံခါးဘူတာကနေထွက်လာတဲ့ ရန်ကုန် - မန္တလေး အမှတ်(၆)အစုန် လူစီးအမြန် ရထားကို မိုင်တိုင်အမှတ်(၁၀၄)နဲ့(၁၀၃)နေရာမှာ ရထားလမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့ ပါတယ်။ ဒါကြောင့် ရထားစက်ခေါင်းနဲ့အတူလူစီးတွဲသုံးတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။ လမ်းခရီးမှာ ခရီးသည်စုစုပေါင်း(၉၀၀)ဦးလောက် လမ်းခရီးကြန့်ကြာမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထားအနေနဲ့ အချိန်နဲ့ တစ်ပြေးညီ ပြုပြင်မွမ်းမံမှုများဆောင်ရွက်လျက်ရှိပါတယ်။ ခရီးသည်တွေအတွက်အဆင် ပြေအောင် ထမင်းဘူးတွေဝေငှပေးတာတွေ၊ သောက်သုံးရေအဆင်ပြေအောင် ဆောင်ရွက် ပေးတာတွေ ဆောင်ရွက်ခဲ့ရပါတယ်။ ရထားလမ်းဆိုတာက တိုင်းပြည်ရဲ့ကုန်စည်ပို့ ဆောင်ရေး၊ တိုင်းပြည်ရဲ့အခြေခံလူတန်းစားတွေ အများဆုံးအသုံးပြုကြတဲ့ ပို့ဆောင် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။ ဒီလိုဟာတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ က နေစပြီး ဒီနေ့အထိ ရထားလမ်းတွေ၊ ရထားဘူတာတွေကို မိုင်းထောင်၊ မိုင်းခွဲဖျက်စီးတာ (၁၂၉)ကြိမ်ရှိပါပြီ။ တံတားတွေကို မိုင်းထောင်၊ မိုင်းခွဲဖျက်စီးတာ(၄၆)ကြိမ် ရှိပါပြီ။ ပြည်သူ လူထုရဲ့လူမှုစီးပွားဘဝ၊ နိုင်ငံတော်ရဲ့အခြေခံအဆောက်အဦတွေကို အခြေခံကျကျဖျက်စီး ပစ်နေတာဘဲဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ကလည်းကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း (၅၅) ခုကို မီးရှို့ဖျက်ဆီးတာ၊ မိုင်းထောင်ဖောက်ခွဲ တာတွေလုပ်ခဲ့တယ်။ ပြည်သူလူထုရဲ့ပညာရေးဖြစ်တဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့အဆောက်အအုံ(၇၇၃)လုံးကို ဖျက်ဆီးခဲ့တယ်၊ မိုင်းထောင်ဖောက်ခွဲခဲ့တယ်။ ဒါ့အပြင် တစ်ချို့နေရာတွေမှာဆိုရင် စာသင်ကျောင်းတွေကို သူတို့ရဲ့စစ်ရေးအရအသုံးပြု ပြီး သင်တန်းကျောင်းတွေလုပ်တာတွေ၊ စစ်‌ရေးအရအသုံးပြုပြီး စာသင်ကျောင်းထဲမှာ ဘန်ကာတွေဆောက်၊ ဆက်သွယ်ရေးမြောင်းတွေတူးပြီး စစ်စခန်းအဖြစ်အသုံးပြုခဲ့တာ တွေ အကြိမ်ကြိမ်ရှိပြီးဖြစ်ပါတယ်။ ဒါတွေက တိုင်းပြည်ရဲ့ယခုလက်ရှိ ပ္ပစ္စုပ္ပန်ကာလကို ရော၊ အနာဂတ်ကာလကိုရော ဖျက်ဆီးပစ်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ အကြမ်း ဖက်သောင်းကျန်းသူတွေကို အားပေးနေမယ်ဆိုရင် မိမိကိုယ်တိုင်နေတဲ့နေအိမ်၊ မိမိကိုယ် တိုင်နေတဲ့အသိုက်အမြုံကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်နေတာနဲ့တူတယ်လို့ ကျွန်တော်ပြော ချင်ပါတယ်။

ဖြစ်စဉ်များအနေနဲ့ကတော့ ဒီနေ့မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့ နမ့်ဆန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ နမ့်ခမ်းဘက်မှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ မြောက်ဦးဘက်မှာတပ်ကို မြောက်ဦး မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဘုရားတွေကြားထဲမှာပဲ ဘုရားစေတီတွေကြားထဲမှာပဲ AA အနေနဲ့ ခံကတုတ်တွေ၊ ယာယီနေရာတွေပြုလုပ်ပြီး ပစ်ခက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဆိုလဲ အဓိကဖြစ်စဉ်က TNLA  အကြမ်းဖက်သောင်းကျန်းသူ တွေနဲ့ ဖြစ်နေတာဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးဘက်မှာတော့ ဖြူးမြို့နယ်၊ ညောင်ပင် သာရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီမှာရှိ တဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွပ်ရွပ်ချွံချွံခုခံမှုကြောင့် ရန်သူစခန်းထဲကို အနည်းငယ်ဝင် ရောက်ပြီးနောက်ပိုင်းမှာ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း ကျွန်တော်တို့တွေ့ရပါတယ်။

ဒီနေ့မှာတော့ ထူးခြားမှုအနေနဲ့ TNLA, AA ရဲ့ သူတို့ပြုလုပ်နေတဲ့ သတင်း မီဒီယာတွေထဲမှာ ဘာတွေတွေ့ရတုန်းဆိုတော့ သူတို့ကိုတပ်မတော်ကပဲ စတိုက်သယောင် လေသံပြောင်းလာတာကို တွေ့ရပါတယ်။ ဘာ့ကြောင့်ဒီလိုလေသံပြောင်း ဒီလိုလေသံ ပြောင်းတယ်ဆိုတာကတော့ အားလုံးယခင်ကတည်းက ကျွန်တော်ပြောခဲ့တဲ့ စကားတွေနဲ့ ဆက်စပ်ပြီးရင် သုံးသပ်ကြည့်မိမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားဒေသ တွေ၊ သူတို့လှုပ်ရှားနေတဲ့ဒေသတွေမှာ စတင်တိုက်ခိုက်မှုမရှိခဲ့ပါဘူး။ ၎င်းတို့ကသာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းက သူတို့တိုက်ခိုက်ခဲ့တဲ့ဟာတွေကို ဂုဏ်ယူဝင့် ကြွားစွာနဲ့တင်နေတဲ့အဖွဲ့တွေက ဒီနေ့ကျမှလေသံပြောင်းပြီး တပ်မတော်ကစတင်တိုက် ခိုက်တယ်ဆိုတဲ့ပုံစံမျိုး လေသံပြောင်းပြီး တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ လေသံ ပြောင်းပြီးဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ တိုင်းရင်း သားပြည်သူတစ်ရပ်လုံးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့အဖွဲ့များအားလုံး ငြိမ်းချမ်း ရေးကိုအကျိုးဆောင်နေတဲ့ ပြည်တွင်းပြည်ပအဖွဲ့များအားလုံးက သတိပြုမိဖို့လိုပါတယ်။ ဂရုစိုက်ဖို့လိုပါတယ်။ သူတို့ဘာ့ကြောင့် ဒီလိုလုပ်တယ်ဆိုတာကို အားလုံးရိပ်မိကြမယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။