​​​​​​​ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့်  လူ့စွမ်းအား အရင်း အမြစ် ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့်  လူ့စွမ်းအား အရင်း အမြစ် ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၃

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ တာဝန် ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်နံနက် ပိုင်းတွင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု နားကုန်းကျေးရွာ ပရိယတ္တိစာသင် တိုက်သို့ ရောက်ရှိကြပြီး ဦးစွာ ရှမ်းသက္ကရာဇ် ၂၁၁၈ ခု နှစ်သစ်ကူးပွဲတော်ကြိုဆိုပွဲကို ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် ဟိုမိန်း ပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စိတ္တသုခသုံးထပ်ကျောင်း ဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းကျောက်စာကို အမွှေးနံ့သာများ ပက်ဖျန်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ အား ရင်းနှီးခင်မင်စွာတွေ့ဆုံနှုတ်ဆက် ကြသည်။

ထို့နောက် စိတ္တသုခသုံးထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲ၊ ရှမ်းသက္ကရာဇ်၂၁၁၈ ခု နှစ်သစ်ကူးပွဲတော်ကြိုဆိုပွဲ၊ (၂၃) ကြိမ် မြောက် ဓမ္မစကူးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားများကို ဆက်လက် ကျင်းပရာ လင်းခေးမြို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရက သြဝါဒ စကားမိန့်ကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားများ ပြောကြားကြသည်။

အခမ်းအနားတွင် သာသနာလင်္ကာရဘွဲ့ရ အရှင်ကုသလာလင်္ကာရအား ပြည်နယ် ဝန်ကြီးချုပ်က ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ် ဝတ္ထုငွေများဆက်ကပ်ပြီး ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့က သင်တန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ သံဃာတော်အရှင်သူမြတ်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လင်းခေးမြို့နယ် ဝမ်တိန်းကျေးရွာ နမ့်တိန်းချောင်း Solar စနစ်ဖြင့် ချောင်းရေ  တင်စိုက်ပျိုးရေး Pilot Project လုပ်ငန်း ဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ဆောင်းရာသီအမီ သီးနှံများစိုက်ပျိုးနိုင်ရေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လင်းခေးမြို့နယ် ဝမ်ဟတ် တိုက်နယ် နမ့်တွန်းကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းဝင်း အတွင်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် လင်းခေးမြို့အနီး တည် ဆောက်ဆဲ နမ့်တိန်းချောင်းကူး ပေ ၂၅၀ ဘေလီတံတားကိုလည်းကောင်း၊ နမ့်တိန်း ချောင်း အရှေ့ဘက်ကမ်းရှိ ဟိုတင့်- နမ့်အွန် ကျေးရွာချင်းဆက် ၂/၄ မိုင် မြေလမ်းဖောက် လုပ်နိုင်ရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စု/ပြည်နယ် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် လင်းခေးမြို့နယ် နောင်လုံ အုပ်စု ဒါးဆိပ်-နောင်လုံ-ပန်ကျင်-ဝမ်စစ်- ဟိုက်ကွေ့လမ်းမကြီးမှ ပန်ကျင်-ဟတ်မိုင်နောင်ခေါက် ကျေးရွာသွားလမ်း ၁/၃ မိုင် အပြီးသတ် ကျောက်ခင်းခြင်းနှင့် Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း ခွင်သို့ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ တောင်းဆိုချက်များအရ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်း များတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဒီဇင်ဘာလ ၁၂ ရက်နံနက်ပိုင်းတွင် ပြည်  ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး လိုအပ်သည်များမှာကြား၍ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်ကာ ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့ သည် နမ့်စန်ခရိုင် နမ့်စန်မြို့နယ် ပန်လင်း ဆိုင်-ဝမ်ပိန်း ၃/၃ မိုင် ကတ္တရာလမ်းပိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး၍ လွိုင်လင်မြို့သို့ ဆက်လက်ဖောက်လုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ  အမှာစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပင်လုံမြို့ကျက်သရေ ဆောင် မဟာရဋ္ဌာဘိသာမဂ္ဂီ ရွှေတိဂုံပုံတူ စေတီတော်ရင်ပြင် ကျောက်ပြားအသစ် လဲလှယ်ခြင်း၊ စေတီတော်လိုဏ်ဂူအတွင်း အမိုးမျက်နှာကြက် ဆေးသုတ်ခြင်း၊ မီးတပ်ဆင်ခြင်း၊ ရက္ခိတဗိမာန်တော်လျှောက် လမ်းမျက်နှာကြက်တပ်ဆင်ခြင်းနှင့် မီးတပ် ဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လွိုင်လင်မြို့နယ် လွိုင်လင်ပင်လုံ- လဲချား-ပြည်ထောင်စုလမ်းမကြီးမှ သဘာဝတရားရိပ်သာ ပရဟိတသီလရှင် ကျောင်းတိုက် အဝင် လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံ ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြား သည်။

ယင်းနောက် မိုင်းပွန်မြို့အနီး Solar စနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေး Pilot Project လုပ်ငန်းနှစ်ခုဆောင်ရွက်ပြီးစီးမှုနှင့် မိုးသီးနှံ၊ ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးခြင်း ကြောင့် ဝင်ငွေတိုးပွားလာသည့်အတွက် တောင်သူများက ဆက်လက်ဆောင်ရွက် ပေးရန်တောင်း ဆိုလာသည့် ချောင်းရေတင်စိုက်ပျိုးရေး Pilot Project လုပ်ငန်းနှစ်ခုကို ကြည့်ရှုစစ်ဆေး ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး တို့သည် တောင်သူများအား အားပေးစကား ပြောကြားကာ သီးထပ်စိုက်ပျိုးရန် စပါး မျိုးစေ့၊ ဂျုံမျိုး စေ့၊ ပဲပုပ်မျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။