နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်းအုံ ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင် စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေ သကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများ က ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၁၂)ကြိမ် ရှိပြီ ဖြစ်ကြောင်း၊ ယခင် အစည်းအဝေး(၁၁)ကြိမ်က ဆုံးဖြတ်ချက်(၃၉၁)ချက် ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိ မှုများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိ အမှုတွဲ (၄၂၃၂)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖမ်းဆီးရမိ အမှုတွဲ (၅၇၅၃)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇ ဒသမ ၄၄၇ ဘီလီယံတို့ဖြစ်ပြီး တာဝန်ယူခဲ့သည့် (၂၃)လ ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ပေါင်း(၉၉၈၅)မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၅၀၃ ဘီလီယံ ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အဓိပ္ပါယ်ဖွင့် ဆိုရာမှာ “နိုင်ငံတကာဥပဒေတွေအရ သတ်မှတ်ထားသည့် တရားမဝင်ကုန်စည်များကို ထုတ် လုပ်ခြင်း၊ဝယ်ယူခြင်း၊ရောင်းချခြင်း၊ ပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်း ခြင်း၊ လက်ခံရရှိခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းနှင့် အဆိုပါ ဆောင်ရွက် ချက်များကို အားပေးရန် ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆို တရားမဝင် ကုန်သွယ်မှု ” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို တွေ့ရကြောင်း။

မည်သည့်နိုင်ငံတွင်မဆို နိုင်ငံ၏ စျေးကွက်စီးပွားရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကနေရာကပါဝင်ပြီး နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေး၊ အကောက်ခွန်နှင့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအတွက် ဘေးကင်း စိတ်ချရသည့် ကုန်စည်များ အာမခံချက်ပေးနိုင်ရေးတို့အတွက် တရားမဝင်ကုန်သွယ်မှု များ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြပြီး ကမ္ဘာ့နိုင်ငံ များရှိ အစိုးရများအနေဖြင့်လည်း မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာ သည့် တရားမဝင်ကုန်သွယ်မှုများကို ပပျောက်စေရန် အထူးအာရုံစိုက် ဆောင်ရွက်လာ သည်ကို တွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာ တွင်  နိုင်ငံအတွင်း MSMEs နှင့် စက်မှုဇုန်များက သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန်၊ နိုင်ငံ့ဝင်ငွေနှင့်သုံးစွဲငွေမျှတရန်အတွက် ပို့ကုန်တင်ပို့မှု ပိုမိုအား ကောင်းစေရန်နှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းထက် စက်မှုထွက်ကုန် တစ်နည်း အားဖြင့် Supply Chain မှ Value Added ကုန်ချောပစ္စည်းများ တင်ပို့ခြင်းဖြင့် နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 ပြည်ပနိုင်ငံများတွင် စက်မှုထုတ်ကုန်ချောများ စျေးကွက်လိုအပ်ချက်နှင့်အညီ အမြောက်အများ ထုတ်လုပ်ကြသည့်အတွက် ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုး အနေဖြင့် ပိုမိုသက်သာမှုရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိနိုင်ငံအတွင်း ထုတ်လုပ်သည့် စက်မှုထွက်ကုန်ချောများအနေဖြင့် ထုတ်လုပ်နိုင်မှုအားနည်းချက်၊ ကန့်သတ်ချက် များရှိခဲ့ပါက ပစ္စည်းတစ်ခုချင်း၏ ကုန်ကျစရိတ် တန်ဖိုးအ‌နေဖြင့် စျေးနှုန်းကြီးမြင့်ပြီး ပြည်ပက တရားမဝင်တင်သွင်းလာမှုများကို ယှဉ်ပြိုင်နိုင်မှုမရှိဘဲ စက်မှုဇုန် ကုန်ထုတ် လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ကြောင်း။

ထို့ကြောင့် ပြည်တွင်းသုံးအပြင် ထုတ်လုပ်ကုန်ချောပစ္စည်းများကို ပို့ကုန် အဖြစ်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပက တရားမဝင်ကုန်ချောပစ္စည်းများ တင်သွင်း လာမှုကိုလည်း စနစ်တကျ တားဆီးစစ်ဆေး အရေးယူရမည်ဖြစ်ပြီး ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပမှ ကုန်ချောတင် သွင်းမှုများကို သက်ဆိုင်ရာဌာနများက အခွန်နှုန်းထားများ မြှင့်တင် တားမြစ်ခြင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် လိုက်လျောညီထွေရှိသည့် တားဆီးမှုများကို  စနစ်တကျဆောင်ရွက်ရန် လိုကြောင်း။

 တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက် ရရှိမည့် အခွန်အခများ ဆုံးရှုံး ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များ မှားယွင်းနိုင် ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊ နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှု စနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်ငြိမ်မှု ဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှု များ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်း များတွင်  အတုအပများ၊ သက်တမ်းလွန် ကုန်စည်များကြောင့် သုံးစွဲသူ ပြည်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်း စသည့် ဆိုးကျိုးများအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက် ကျဆင်းစေနိုင်ပါကြောင်း၊ ထို့ကြောင့့်် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မိမိတို့အားလုံးက “ အမျိုးသားရေးတာဝန် ” တစ်ရပ်အဖြစ် သတ် မှတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ယခင်ကျင်းပခဲ့သည့် (၅/၂၀၂၃)ကြိမ်မြောက် တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေးလုပ်ငန်းအစည်းအဝေးနောက်ပိုင်း ယနေ့အချိန်ထိ တနင်္သာရီတိုင်းဒေသကြီး တရားမ ဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က ခဲသတ္တုများကို တရားမဝင် တူးဖော်ပြီး ပြည်ပတင်ပို့နေကြောင်း ဖော်ထုတ်ရရှိသည့် သတင်းအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ခဲသတ္တုတန်ချိန် ၁၂၃ ဒသမ ၉၀၄ တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၇ ဘီလီယံကို ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဦးစီးဌာနကလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် စင်္ကာပူနိုင်ငံမှလာသည့် လေယာဉ်တွင်လိုက်ပါလာသည့် ခရီးသည် ၃ ဦးကို သတင်းအရ စောင့်ကြည့်စိစစ်ရှာဖွေခဲ့ရာ ရွှေ ၁၆ ကီလိုဂရမ်၊ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ၊ iPhone ၂၅၉ လုံး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ဒသမ၉၄၆ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သည့်  ထူးထူးခြားခြား ဖြစ်စဉ်များကို တွေ့ရကြောင်း၊ ယင်းဖြစ်စဉ်ကို ကြည့်ပါက သတင်းရရှိမှုသည် အဓိကအရေးကြီး ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် သတင်းအချက်အလက် ရရှိရေး သည် အရေးပါသည့်အတွက် သတင်းပေးသူများကို ဆုကြေးငွေ မြန်မြန်ဆန်ဆန် ချီးမြှင့်ပေးပြီး သတင်းကွန်ရက် တည်ဆောက်ထားကြရန်နှင့့် ရရှိသည်သတင်းများကို အကျိုးရှိစွာ အသုံးချ တားဆီးစစ်ဆေး အရေးယူကြရန် လိုကြောင်း။

ထို့ပြင် အိန္ဒိယနိုင်ငံ အကောက်ခွန်က မြန်မာအကောက်ခွန်ဌာနသို့ သတင်း ပေးပို့မှုကြောင့် ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည်မှာ ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ်ဖမ်းဆီးနိုင်မှုများစွာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   အထူးသ ဖြင့် မူးယစ်ဆေး ဝါးနှင့် လက်နက်များတရားမဝင်ကုန်သွယ်မှုကို နိုင်ငံအချင်းချင်း၊  ဌာန  ဆိုင်ရာအချင်းချင်း သတင်းဖလှယ် ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုး ပမ်း ဆောင်ရွက်ကြရန် လိုကြောင်း။

ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရမည့် ကုမ္ပဏီ တည်ထောင်ခြင်းအတွက် MyCo (မိုင်ကို)စနစ်၊ ပို့ကုန်သွင်းကုန် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထားခြင်းအတွက် Myanmar Trade Net 2.0 စနစ်၊ ပို့ကုန်သွင်း ကုန်ကြေညာလွှာ လျှောက်ထားခြင်းအတွက် MACCS စနစ်၊ ပြည်ပသို့ ငွေလွှဲပြောင်း ခြင်းနှင့် ပြည်ပမှငွေလက်ခံခြင်းအတွက် Online Matching စနစ်များ ထူထောင် ထားရှိပြီး ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်အောင် အစိုးရဌာနများက ချိတ်ဆက်ဆောင် ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ထားခြင်းသည် တရားမဝင်ကုန်သွယ်မှု လျော့နည်း ပပျောက်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အတွက် ဌာနဆိုင်ရာအချင်းချင်း Online စနစ်နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ National Single Windows စနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း လည်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေး ထားသည့်အပေါ် အစိုးရဌာနဆိုင်ရာများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့က ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ကုန်သွယ်မှုကို စနစ်တကျ ဆောင်ရွက်ကြရေး ကုန်သည်လုပ်ငန်း ရှင်များကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးပေးကြရန် မှာကြားလိုကြောင်း။

ဥပဒေ လုပ်ထုံးလုပ်နည်းများ၏  လစ်ဟာချက်များအပေါ် ပုဂ္ဂလိက အကျိုးစီး ပွားအတွက် အခွင့်အရေးယူ ဆောင်ရွက်ခြင်းမျိုးမလုပ်ဘဲ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အတွက် ပြုပြင်သင့်သည့်အချက်များကို အကြံပြုပေးကြရန်လိုကြောင်း၊ အစိုးရဌာနဆိုင်ရာ များအနေဖြင့်လည်း ကုန်သည်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အကြံပြုချက်များအပေါ် စိစစ်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ပြင်ဆင် ဖြည့်စွက်ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။

ကုန်သည်လုပ်ငန်းရှင်များ၌လည်း ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ကုန်သွယ် နေသည့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်နှင့် ကူးသန်းရောင်းဝယ် နေသည့် သူများရှိသကဲ့သို့ မတော်လောဘနှင့် ဝိသမစီးပွားရေးသမားများလည်း အထင်အရှား ရှိနေသည်ကို စားသုံးဆီနှင့်စက်သုံးဆီ တင်သွင်းသည့်ကုမ္ပဏီများကို စစ်ဆေးသည့် အခါတွင် အရေးယူဆောင်ရွက်ရသည့် ကိစ္စများပေါ်ပေါက်လာသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်နှင် ပြည်သူများအပေါ် မတော်လောဘနှင့် အမြတ်တင် ရောင်းချခဲ့သည့့် ကုမ္ပဏီတစ်ချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း။

တိုင်းဒေသကြီး၊ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ကျဝန် ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ ငွေကြေး တောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး တာဝန်ရှိသူ အဆင့် ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် အကြိမ်ကြိမ် မှာကြားခဲ့ပြီး ဖြစ်ကြောင်း။

သို့သော်လည်း တာဝန်ကျဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ တွင် ငွေကြေး ရယူပြီး ဖြတ်သန်းခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ ပါ၊ မပါကို မျက် ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်ခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ တင်ဆောင် လာသည်ကို သိရှိလျက်နှင့် ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေး ခြင်း၊ တားဆီး စစ်ဆေးရာတွင် တရားမဝင်ကုန်စည်များ တွေ့ရှိသော်လည်း တန်ဖိုး နည်းကုန်စည်အချို့ကိုသာ ဟန်ပြဖမ်းဆီးအရေးယူခြင်း စသည့် နည်းမျိုးစုံနှင့် ပတ် သက်နေသည်ဟု သတင်းများကို ကြားသိနေရကြောင်း၊ ယင်းကို တာဝန်ရှိသူ အဆင့် ဆင့်က ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူကြရန်  တိုင်းဒေ သကြီး၊ ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ကျဝန်ထမ်းများနှင့် အုပ်ချုပ်သူ များကို အထူးမှာကြားလိုကြောင်း။

ထို့ပြင် တာဝန်ကျ ဝန်ထမ်းများအနေဖြင့် ကုန်ပစ္စည်းအပါအဝင် ကုန်တင် ယာဉ်များစစ်ဆေးရာတွင် ဆက်ဆံရေးပြေပြစ်ရန်နှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန်လိုအပ်ပြီး ဆက်ဆံရေး မပြေလည်ခြင်းသည် ကုန်သွယ်မှုကို အဟန့်အတားဖြစ် စေရုံသာမက ခရီးသွား အများပြည်သူကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း၊ ယင်းကို ကြပ်မတ်ထိန်းကျောင်းနိုင်မှု မရှိပါက အများပြည်သူအနေဖြင့် အစိုးရအပေါ် တွင် အမြင်လွဲမှားနိုင်ကြောင်း။

ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် ဘဏ္ဍာငွေများ နိုင်ငံတော်က ရရှိရန်လိုကြောင်း၊  ဖမ်းဆီးရမိမှုများ ရှိသော်လည်း လေလံမပစ်ခင်တွင် ပစ္စည်းများပျက်စီးသွားပါက ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရပြီး  နိုင်ငံဘဏ္ဍာငွေလည်း ရရှိမည် မဟုတ် ကြောင်း၊ ထို့ကြောင့် ပုပ်သိုးပျက်စီးလွယ်သည့် ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချရန် လိုကြောင်း၊      ဖမ်းဆီးရမိသည့် လိုင် စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ပစ္စည်းများများကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံးအပ်နှံ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလို ကြောင်း။

 ထို့ပြင် လုံခြုံရေးအပိုင်းနှင့်ပတ်သက်ပြီး တာဝန်ကျနေရာဒေသအလိုက် နိုင်ငံ့ တာဝန်ထမ်းဆောင်နေကြသည့့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်အကြမ်းဖက်သမားများ၏ အန္တရာယ်ကို မျက်ခြေ မပြတ် သတိပြုပြီး တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိနှင့့် ဆောင်ရွက်ကြရန် လိုကြောင်း ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပြည်ထောင် စုအဆင့်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အကြား ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကြရန်၊ ပြည်တွင်း သယံဇာတများ တရားမဝင်ထုတ်လုပ်နေမှုကို ထိထိရောက်ရောက် တားဆီးအရေးယူ ရန်၊ သတင်းအချက်အလက်ရရှိရေး ပြည်တွင်း၌ သတင်းကွန်ရက် ချိတ်ဆက်တည် ဆောက်ရန်လိုပြီး ပြည်ပနိုင်ငံများနှင့် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ပြီး အပြန် အလှန်သတင်းဖလှယ်ကြရန်၊ ကုန်တင်လွှာစနစ်နှင့် E-Lock စနစ် အကောင်အထည် ဖော်ရာတွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ Online စနစ်များ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန်၊  ဖမ်းဆီးရ မိပစ္စည်း များပျက်စီးဆုံးရှုံးမှု မရှိစေရန်၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရန်၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို “အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ်ပြီး တာဝန်ကျ ဝန်ထမ်းများ သာမက နိုင်ငံသားအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်း ရေးမှုး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က ဦးဆောင်ကော်မတီအစည်းအဝေး (၅/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက် ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်း လင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေး မှူးချုပ် ဦးအောင်သွင်ဦး ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ ဝေး(၆/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာများကိုဖတ်ကြား တင်ပြကြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဦးဝင်းရှိန် နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ တို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ ရှိချက်များ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ် များ၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်း နေမှု အခြေအနေများ၊ E-Lock စနစ်ဆိုင်ရာကိစ္စရပ်များ၊ စက်သုံးဆီ တင်သွင်းနေမှု အခြေအနေများ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများရောင်းချနေမှု နှင့် တရားဝင် မှတ်ပုံတင် လျှောက်ထားလျက်ရှိသည့်  အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေး နွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေး နွေးတင်ပြကြသည်။

 ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၆/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

 ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။