(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် တိုက်ရိုက်ထုတ်လွှင့်မည်

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  ဒီဇင်ဘာ   ၁၇

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့်နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်း လာစေရေးအတွက် ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့ ဆောင်ပုဒ်ဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားကို ယင်းနေ့နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ပြီး MRTV HD၊ MRTV News၊ MRTV-NRC ၊ MRTV Farmers'၊ MRTV Sports နှင့် MRTV Parliament Channel၊ MWD HD၊ MWD Variety HD၊ MITV၊ MOI Website၊ MOI Youtube၊ မြန်မာ့အသံရေဒီယိုနှင့် MRTV App: အပါအဝင် Online တို့မှလည်း  တိုက်ရိုက်(Live)ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။