ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ခုနစ်ဦးတွေ့ရှိ

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ခုနစ်ဦးတွေ့ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၈

    ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၁၀-၁၂-၂၀၂၃ ရက် ည ၈ နာရီမှ ၁၇-၁၂-၂၀၂၃ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၁၉၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ခုနစ်ဦးတွေ့ရှိရသည်။ ထို့ကြောင့် ရောဂါပိုး တွေ့ရှိမှု  ရာခိုင်နှုန်းမှာ သုည ဒသမ ၀၅ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉   ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက် အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန