ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တိုက်ဖျက်ရေး ဌာနခွဲ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တိုက်ဖျက်ရေး ဌာနခွဲ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၂၆

    ကျန်းမာရေးဝန်ကြီးဌာန  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့်    ကူးစက်တတ်သော ရောဂါများ ကာကွယ်တိုက်ဖျက်ရေးဌာနခွဲ၏  နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ယနေ့အစည်းအဝေးသည် ၂၀၂၃ ခုနှစ်အတွင်း ဗဟို/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များအလိုက် ဆောင်ရွက်ခဲ့ကြသည့် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများဖြစ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ချီခန်ဂန်းညား အစရှိသည့်ရောဂါများ    ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အခြေအနေ၊ တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်  လုပ်ငန်းများကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ ငှက်ဖျားရောဂါ   တိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်း Plasmodium falciparum ပိုးတွေ့သူ လုံးဝမရှိစေရေးနှင့် ၂၀၃၀ပြည့်နှစ်တွင် ငှက်ဖျားရောဂါကူးစက်မှု ပပျောက်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေး လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ဒေသဆိုင်ရာ အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ ဗဟို/တိုင်းဒေသကြီး/ ပြည်နယ် ရပကနများမှ တာဝန်ရှိသူများ၊ ငှက်ဖျားပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)၊ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆိုပါလုပ်ငန်း  ဆန်းစစ်ဆွေးနွေးပွဲကို   နေပြည်တော်၌ လေးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။