ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပျဉ်းမပင်ရွာနှင့် ရေတာရှည်မြို့နယ်တို့မှ ကျေးရွာများအတွင်းသို့ တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာ များတွင် ရေးသားဖြန့

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပျဉ်းမပင်ရွာနှင့် ရေတာရှည်မြို့နယ်တို့မှ ကျေးရွာများအတွင်းသို့ တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာ များတွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၈ ရက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပျဉ်းမပင်ရွာကို ဒီဇင်ဘာ ၂၇ ရက်နေ့ က တပ်မတော်မှလက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရေတာရှည်မြို့နယ် သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာ များတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာ နယ်မြေများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ပျဉ်းမရွာကို ဒီဇင်ဘာ ၂၇ ရက်နေ့က တပ်မတော်မှလက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း၊ အလားတူ ရေတာရှည်မြို့နယ်မှ သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit သည် ကောလဟလသတင်းများ၊ မဟုတ်မမှန်သတင်းများဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။