မွေးကင်းစမှ ၁ နှစ် ၆ လထိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

 

မွေးကင်းစမှ ၁ နှစ် ၆ လထိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၂၉

          အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အသက် မွေးကင်းစမှ ၁ နှစ် ၆ လထိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် နှင့်အဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ် များနှင့် မိသားစုဝင်များ၊ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ/ဆေးမှူးများနှင့် သူနာပြုများ တက်ရောက်ကြသည်။

          ထို့သို့ ဆောင်ရွက်ပေးရာတွင် နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆေးမှူးများက မန္တလေးတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစ မှ အသက် ၁ နှစ် ၆ လထိ ကလေးငယ် ၂၃၇ ဦးတို့အား ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ကြသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေး ပြီး ကလေးငယ်များအတွက် လက်ဆောင်များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။