တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၂၉ ရက်

          ၂၀၂၂-၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲ ဝင်အားကစားသမားမျး တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်များ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြု လုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့အား  တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။

          အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၁ သင်းဖြင့် ဒီဇင်ဘာ ၆ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။