မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

နေပြည်တော်၊ ၂၀၂၃၊ ဒီဇင်ဘာ - ၃၁

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာ ခန်းမ၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်း သား ၁၁၁ ဦးတို့ကို အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ မျက်စိရောဂါ၊ အတက်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများကို နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

      ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။