ပါကစ္စတန်၌ မြူများ ကျဆင်းမှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေ

 

ပါကစ္စတန်၌ မြူများ ကျဆင်းမှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေ

 

   ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့နှင့် ရာဝယ်ပင်ဒီမြို့တို့၌ မြူများထူထပ်စွာ ကျဆင်းမှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသော မြူများထူထပ်နေမှုသည်  လေထုငြိမ်သက်မှုကြောင့် အစ္စလာမ်မာဘတ်မြို့နှင့်  အခြားဒေသများ၌ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သတိပေးထားသည်။

ထို့ပြင်  မြူများထူထပ်စွာ ကျဆင်းနေမှုကြောင့်  နေ့အပူချိန်များသည်  ၃ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

အဆိုပါ  မြူများထူထပ်စွာ ကျဆင်းမှုကြောင့် အစ္စလာမ်မာဘတ်မြို့နှင့် ရာဝယ်ပင်ဒီမြို့တို့၌ ယာဉ်မတော်တဆမှုများ ဖြစ်ပွားကာ လေကြောင်းခရီးစဉ် အချို့နှင့် မီးရထားခရီးစဉ်အချို့ကို ရပ်ဆိုင်းလိုက်ရသည်။

မြူများကျဆင်းမှုကြောင့် ရှေ့မြင်ကွင်းပိတ်မှုသည် မီတာ ၅၀ အထိ ကောင်းကောင်းမြင်ရခြင်း မရှိကြောင်း    မိုးလေဝသ ဌာနက ထုတ်ပြန်ထားသည်ဟု  သိရသည်။