အောင်မြေသာစံမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

 

အောင်မြေသာစံမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၆ ရက်

     မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ တံတားဦးကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ သံဃာတော် ၁၂၂ ပါး၊သာသနာနွယ်ဝင်သီလရှင် ၅၄ ပါးနှင့်ဒေသခံပြည်သူ၆၁ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံတပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

     ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။