တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ် စမ်းသပ်မောင်းနှင်မှု အောင်မြင်

 

တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ် စမ်းသပ်မောင်းနှင်မှု အောင်မြင်

 

    တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် လျှပ်စစ်စွမ်းအင်သုံး လေယာဉ်သည် စမ်းသပ်မောင်းနှင်မှုကို အောင်မြင်သွားပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနက ဇန်နဝါရီလ   ၆   ရက်တွင် ဖော်ပြထားသည်။

တရုတ်လေကြောင်း စက်မှုလုပ်ငန်း လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ဖန်တီးထားသည့် AG60E  သည် ကျဲကျန်းစီရင်စုရှိ  လေဆိပ်မှပျံတက်ကာ ခရီးတို ပျံသန်းပြီးနောက်  ယင်းလေဆိပ်၌ပင် အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခြင်း ဖြစ်သည်။

AG60    အမျိုးအစားလေယာဉ်ကို လျှပ်စစ်စွမ်းအင်သုံးအဖြစ် ပြောင်းလဲထားသည့် AG60E သည် ထိုင်ခုံနှစ်လုံးပါရှိပြီး အင်ဂျင်တစ်လုံးတပ် အပေါ့စားလေယာဉ် ဖြစ်သည်။

ထိုလေယာဉ်ကို အရပ်ဘက်လေယာဉ်အမောင်းသင်၊  စိုက်ပျိုးရေးလေ့လာမှု၊ ဝေဟင်မှ  ရှုခင်းကြည့်ခြင်း လုပ်ငန်းများ အတွက် ရည်ရွယ်ထားသည်။

ကိုယ်ထည်အလျား ၆ ဒသမ ၉ မီတာနှင့် တောင်ပံအလျား ၈ ဒသမ ၆ မီတာရှိသည့်  AG60E သည်  အမြင့်ဆုံး အမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၁၈၅ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ကြောင်း သိရသည်။