ဂျပန်၌ငလျင်များကြောင့် ၁၂၆ ဦးသေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်

 

ဂျပန်၌ငလျင်များကြောင့် ၁၂၆ ဦးသေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်

 

    ဂျပန်နိုင်ငံ၌ ဇန်နဝါရီလ ၁ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်များကြောင့် ဇန်နဝါရီလ ၆ ရက်ညနေပိုင်းအထိ   သေဆုံးသူ စုစုပေါင်း ၁၂၆ ဦးနှင့် ပျောက်ဆုံးနေသူအယောက် ၂၀၀ ကျော်ရှိနေသေးကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါငလျင်များအနက် အားအပြင်းဆုံး ငလျင်မှာ ပြင်းအား ၇ ဒသမ ၆ ရစ်ချတာစကေးရှိကာ ဆူနာမီ သတိပေးချက်များပင် ထုတ်ပြန်ခဲ့ရသည်။

ငလျင်များလှုပ်ခတ်မှုကြောင့် လမ်းများပျက်စီးကာ  ပိတ်ဆို့မှုများ ဖြစ်နေသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို အဟန့်အတားဖြစ်စေကာ အသက်ရှင် ကျန်ရစ်သူများဆီ ကယ်ဆယ်ရေးအဖွဲ့က မရောက်ရှိနိုင်ဖြစ်နေကြောင်း တာဝန်ရှိသူ များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယခုသီတင်းပတ် အကုန်တွင် ငလျင်ဒဏ်သင့်ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သောကြောင့် မြေပြိုမှုများလည်း ဖြစ်ပွားနိုင်သည်ဟု တာဝန်ရှိသူများက သတိပေးထားသည်။

လက်ရှိတွင်    ကယ်ဆယ်ရေးစခန်းများ၌ လူ  ၃၀၀၀၀ ခန့်ကို  ကယ်ဆယ်ထားရပြီး အိမ်ထောင်စု ၆၆၀၀၀ ခန့်မှာလည်း သောက်သုံးရေ မရရှိကြောင်း  အစိုးရတာဝန်ရှိသူများက  ပြောသည်။