နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  (၇၇) နှစ်မြောက်  ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  (၇၇) နှစ်မြောက်  ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 နေပြည်တော် ဇန်နဝါရီ - ၈

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။ 
    အစည်းအဝေးသို့  ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ် နှင့်အညီ ကျင်းပနိုင်ရန် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအ ကြိမ်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦး တည်ချက်(၅)ရပ်ဖြစ်သည့် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက် ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန် အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက် ရေး၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး တိုင်း ရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပ သွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည့် အခမ်းအနားဖြစ်သောကြောင့်  အတွေ့အကြုံများရှိကြပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင် နှစ်များက အခမ်းအနား၏ အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်း ချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် ယခုနှစ်တွင် ပိုမိုကောင်းမွန်ပြည့် စုံစေရေး အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ယနေ့ကျင်းပသည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမတိုင်ခင်ကပင်  ပြည်ထောင်စုနေ့ကျင်းပရေး ကော်မတီ (၇)ခုနှင့် ဆပ်ကော်မတီ(၈) ခုက ဆောင်ရွက် သင့်သည့် ကိစ္စများကို ကြိုတင်အတည်ပြုချက်၊ ညွှန်ကြားချက်များရယူပြီး ဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍  ယခုညှိနှိုင်းအစည်းအဝေးတွင် ကော်မတီအသီးသီးနှင့် ဆပ်ကော် မတီအသီးသီးက မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်း တင်ပြသွားကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလပြီးဆုံးသွား သော်လည်း ကိုဗစ်-၁၉ ရောဂါပိုးများသည် အနည်းနှင့်အများ ကူးစက်နိုင်သည့်အတွက် ယခုအခမ်း အနားသို့ လာရောက်ကြမည့် တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများနှင့် ဧည့်သည် တော်များအားလုံး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ  လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅) ရပ်နှင့် ဒို့တာဝန်အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဦးတည်ချက် များနှင့်အညီ တိုင်းရင်းသားများစည်လုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အဓိက ထားပြီး ရည်ရွယ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား များအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင်လည်း မိမိတို့နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ လူမျိုးစုလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဟူသော နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို အစိုးရ၊ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူ ထူထောင်ခဲ့သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့် အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာ တိတိ ကျကျ စစ်ဆေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ယခင်အ ခမ်းအနားများထက်ပို၍ တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ 
သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီအလိုက် လုပ်ငန်းများ ဆောင် ရွက်ရာတွင် အခမ်းအနား အစမ်းလေ့ကျင့်ခြင်းနှင့် အခမ်းအနား ကျင်းပသည့်အခါတွင် လုံခြုံရေးတိုးမြင့်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေး လျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားခြင်းများ ပြုလုပ်ရန်လိုအပ် ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်က အလေးထားဆောင်ရွက် နေသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု မည့် MSME လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် မိမိပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အခြားသောထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါင်းခင်းကျင်းပြသခြင်း ဖြင့် မိမိတို့ ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူ များ အသိပညာတိုးလျက် ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ ထုတ်ကုန် ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် ထပ်မံ၍ အနာဂတ်အတွက်ရည်ရွယ်ထား သော လုပ်ငန်းများအတွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများ ရရှိစေခြင်း စသည့် ရည်ရွယ်ချက်များနှင့်အညီ MSME ပြခန်းများ ခင်းကျင်းပြသသင့်ပါကြောင်း၊ ပြခန်းများ လာရောက်၍ ထုတ်ကုန်ပစ္စည်းများ လေ့လာဝယ်ယူအားပေးစဉ် ပြခန်းများနှင့် တွဲလျက် ဒေသအစားအစာများ နှစ်သက်ရာစားသုံးနိုင်ရန်နှင့် ဖျော်ဖြေရေး ကဏ္ဍများ တွဲလျက်ဆောင်ရွက်ပါက ပို၍ ကောင်းမွန်သောအစီအမံများ ဖြစ်လာနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါ ပြပွဲမှတဆင့် နိုင်ငံ့အတွက် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းသော ယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံးထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင် သည့် အမယ်သစ်အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSME လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တိတိကျကျ ဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း အခမ်းအနား ကျင်းပနေစဉ်အတွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စီမံချက်ရေးဆွဲ၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်ထောင်စုနေ့နှင့်ပတ်သတ်၍ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် ရေဒီယို၊ သတင်းစာများ၊ ရုပ်မြင်သံကြားတို့တွင် ဆွေးနွေးပွဲ စကားဝိုင်းများနှင့် သိသင့်သိထိုက်သည့်များကို ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့ အစည်းအဝေးတွင် ကြိုတင်ခွင့်ပြုထားသည့် ကော်မတီများနှင့် ဆပ်ကော်မတီ များက မိမိတို့လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြစေလိုကြောင်းဖြင့် ပြော ကြားသည်။ 
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ  နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး က ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေးဆက်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြား ရေးဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ် ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည်ခံကျွေးမွေးရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေးနှင့်နေရာချထားရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ညစာစားပွဲခင်းကျင်း ကျွေးမွေးရေးဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေးဆပ် ကော်မတီတို့မှ ကော်မတီဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွား ကြမည့်အစီအမံများကို  ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာ ကြသူများက (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင် ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော် မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။